Make Over |
သင်္ကြန်မှာ အပြတ်လည်းကဲချင်တယ်… အလန်းဆုံးလည်းဖြစ်ချင်တယ်… တစ်နေကုန်လေး လှနေဖို့လည်းလိုတယ်… ဒီတော့ ဘယ်လိုပြင်ကြမလဲ…. စဉ်းစားကြည့်တယ်… အခုဟာက ၂၀၀၈ သင်္ကြန်… ကိုယ်တစ်ယောက်တည်း ဂွမ်းနေလို့ မဖြစ်ဘူး… ဒီတော့ ဘယ်လိုပြင်မလဲ…. ????
Planet ချစ်သူတွေသင်္ကြန်မှာ ဘယ်လိုပြင်ရင်ကောင်းမလဲဆိုတဲ့ မေးခွန်းတွေအတွက် Planet က အဖြေအသင့်ရှိပြီးသားပါ…။
|
ထက်ထက်ဝင့်… ထက်ထက်ဝင့်ဆိုတာ နာမည်ကြီးမော်ဒယ်တစ်ယောက်… သူရဲ့ ပြင်ဆင်မှုတွေကိုကြည့်လိုက် ရအောင်…
 |
 |
  |
မျက်နှာတစ်ခုလုံးမှာ အသေးစိတ်အကျဆုံးက မျက်လုံးကို ရှဲဒိုးဆွဲရတာပါပဲ….။ ခုတော့ ခပ်ရင့်ရင့်လေးဆိုးထားပါတယ်..။ ဒါမှအကြည့်တွေစူးရှပြီး ကိုယ်ကအားလုံးထဲမှာ ထင်ရှားတောက်ပနေမှာပေါ့။ အစိမ်း၊ပန်းရောင် နဲ့ ရွှေရောင်ကို အပ်နေအောင်ဆိုးထားတယ်။ ပါးနီပန်းဆီရောင်လေးနဲ့ နှုတ်ခမ်းပန်းဆီရောင် တောက်တောက်လေးဟာ ဘာမှထပ်မလိုတော့တဲ့ လှပမှုလေးပဲဖြစ်ပါတယ်။ |
|
မျက်နှာလေးကို ခြယ်ပြီးတာနဲ့ အ၀တ်အစားရွေးမယ်။ အကျီင်္ဆိုလည်းပေါ့ပေါ့ပါးပါးလေး ဖြစ်အောင်ဝတ်မယ်.. ဘောင်းဘီတိုလေးနဲ့ဆိုတော့ ဒီနှစ်လောက်ပေါ့ပါးတာ မရှိနိုင်လောက်တော့ဘူးနော်။ |
|
 |