Guest. It's 04:02 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009
Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009
Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009
Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009
Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009
Planet : Thingyan 2009
history
သင်္ကြန်ဆိုတာ…….


မြန်မာလူမျိုးတွေရဲ့ ရိုးရာဓလေ့ပွဲတော်တွေမှာ နှစ်သစ်ဦးအနေနဲ့ ပထမဆုံးစတင်ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ နှစ်ဟောင်းတစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်တစ်ခုကို စတင်ပြောင်းလဲချိန်မှာ စိတ်သစ်လူသစ် အဟောင်းတွေကိုစွန့်ပစ်ဖို့ အတာရေနဲ့ ဆေးကြောတတ်ကြတဲ့ မြန်မာတွေရဲ့ ချစ်စရာပွဲတော်လေးဖြစ်ပါတယ်။ လူကြီး၊ လူရွယ်၊ လူငယ် ၊ကလေးမကျန် ပျော်တတ်ကြတဲ့ သင်္ကြန်ပွဲတော်ကို မြန်မာတစ်နိုင်ငံလုံးမှာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေ့ရှိပါတယ်။ ထူးခြားတဲ့ ပျော်ရွှင်မှုတစ်ခုကတော့ မြန်မာသင်္ကြန်ပွဲတော်က လူမျိုးမရွေး ဘာသာမရွေး ပျော်ရွှင်ကြည်နူးမှုကိုပေးတဲ့ ဓလေ့တစ်ခုဖြစ်တာပါပဲ။

သင်္ကြန်ပွဲတော်ကို….

ပုဂံခေတ်က နရသီဟပတေ့မင်းကြီးက သင်္ကြန်ချိန်ခါမှာ ပျော်စေလိုတဲ့သဘောနဲ့ သူ့ရဲ့မိဖုရားငယ် စောလုံကို ရေနဲ့ပက်ပြီး ကျီစယ်ခဲ့တဲ့ သာဓကလေးတွေရှိခဲ့ပါတယ်…. အတိအကျတော့ သင်္ကြန်ဆိုတာ ဘယ်အချိန်ကစခဲ့တယ်ဆိုတဲ့ နေ့ရက်အတိအကျ မရှိခဲ့ပေမယ့် ရှေးယခင်ကတော့ အမွှေးနံ့သာတွေ ကြိုင်လှိုင်သင်းထုံနေတဲ့ ရေကို ငွေဖလားထဲထည့်ပြီးတော့ အောင်သပြေခက်တွေနဲ့ ယဉ်ယဉ်ကျေးကျေးပက်ဖျန်းကြတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာ ယုံကြည်ချက်အရ သင်္ကြန်ချိန်ခါမှာ နတ်တို့ရဲ့ဘုရင် သိကြားမင်းက လူယောင်ဖန်ဆင်းပြီး လူ့ပြည်ကို ရောက်လာပါတယ်။ အဲဒီလို သိကြားမင်း လူ့ပြည်ကို ဆင်းလာတဲ့နေ့မှာ သင်္ကြန်ကျပါတယ်။ သိကြားမင်းက လူ့ပြည်မှာ ၃ ရက်နေပြီးတော့ လူတွေဟာ တရားအဆုံးအမနဲ့အညီ နေထိုင်ရဲ့လား၊ ကောင်းမှုကုသိုလ်တွေ လုပ်ကြရဲ့လားဆိုတာ လေ့လာဆန်းစစ်ပါတယ်။ ကောင်းမှုကုသိုလ်တွေ ပြုလုပ်တဲ့သူတွေကို ရွှေပုရပိုက်နဲ့ မှတ်တမ်းတင်ပြီး မကောင်းမှုလုပ်နေကြသူတွေကိုတော့ ခွေးသားရေပိုက်မှာ ရေးမှတ်သွားသတဲ့။ ဒါကြောင့် သင်္ကြန်ကာလမှာ မကောင်းမှုတွေကို အထူးသဖြင့် ရှောင်ကြဉ်ကြပြီး ကောင်းမှုကုသိုလ်တွေကို ပွားများဆောင်ရွက်လေ့ရှိကြပါတယ်။

သင်္ကြန်ရဲ့ မှတ်တိုင်…..

သင်္ကြန်ရောက်ပြီလို့ အထင်အရှားသိခွင့်ရတာ တစ်ခုကတော့ ရွှေဝါရောင်ပိတောက် ဆိုတဲ့ ပန်းကလေးကြောင့်ဖြစ်ပါတယ်။ သင်္ကြန်ရဲ့ ပြယုဂ်တွေထဲမှာ အထင်ရှားဆုံးဖြစ်ပြီး ယခင်ကတော့ တစ်နှစ်မှာတစ်လ ၊ တစ်လမှာတစ်ကြိမ်သာ ပွင့်တဲ့ အဖိုးတန် ပန်းကလေးဖြစ်ပါတယ်။ ဧပြီလမှာ ရွာသွန်းဖြိုးတဲ့ မိုးစက်လေးတွေက ပိတောက်ပင်ရဲ့ အဖူးအငုံတွေကို ပွင့်အာလာစေပြီးတော့ လေထုထဲမှာ ပိတောက်ရနံ့သင်းပျံ့ကြိုင်လှိုင်နေတော့တယ်။ ရွှေဝါရောင် ပန်းပိတောက်ကို မက်မက်မောမော ဆင်ယင်ကြတဲ့ သင်္ကြန်မောင်မယ်တွေ၊ ပိတောက်ပန်းရဲ့ သစ္စာတရားကို တင်စားဖွဲ့ဆိုကြတဲ့ စာဆိုတော်တွေရဲ့ ကဗျာတွေကြောင့် ပိတောက်နဲ့ တန်ခူးဟာ ခွဲခြားလို့ မရတော့အောင်ပါပဲ။ယခုအချိန်မှာတော့ ပန်းပိတောက်လဲ ရာသီမမှန်မှုများကြောင့် ပွင့်ရက်တွေလည်း အမျိုးမျိုးဖြစ်လာတာကို တွေ့ရပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ပိတောက်ဟာ တန်ခူးလမှာသာ ပွင့်လေ့ရှိတဲ့ ပန်းကလေးဖြစ်တာကြောင့် သင်္ကြန်ရဲ့ မှတ်တိုင်လို့ ပြောရမှာပဲဖြစ်ပါတယ်…။

သင်္ကြန်ပုံရိပ်…

ရေကစားတဲ့ရည်ရွယ်ချက်ထဲမှာ ပူအိုက်တဲ့ ရာသီချိန်ခါဖြစ်တာမို့ တစ်ဦးကိုတစ်ဦး အေးချမ်းစေတဲ့ သဘောလည်း ပါဝင်ပါတယ်။ သင်္ကြန်ရက်များက အကျနေ့၊ အကြတ်နေ့၊ အတက်နေ့ ဆိုပြီး သုံးရက်ရှိပေမယ့် အကျနေ့မတိုင်ခင်တစ်ရက်ကြိုကတည်းက ရေကစားခြင်းကို စတင်နေကြပါပြီ။ သင်္ကြန်ရက်တွေမှာ အိမ်ပြင်ဘက်ထွက်လိုက်တာနဲ့ တစ်ကိုယ်လုံးရွှဲရွှဲစိုအောင် ရေပက်ခံရလည်း ဘယ်သူကမှ ဗွေမယူကြပါဘူး။ အသက်အရွယ် ကြီးငယ်မရွေး၊ ကျားမမရွေး၊ လူမျိုးဘာသာမရွေး ဘယ်သူမဆို တစ်ဦးကိုတစ်ဦး ရေလောင်းရေပက်ခံကြရင်း ပျော်ပျော်ရွှင်ရွှင် နောက်ပြောင်ကျီစယ်ကြတာက သင်္ကြန်ရဲ့ ဓလေ့ပါ။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရင်း ငွေဖလားနဲ့ ရေကစားကြတဲ့ခေတ်တွေကနေ ဒီနေ့တော့ မီးသတ်ပိုက်နဲ့ထိုးကြတဲ့ ခေတ်ကို ရောက်လာခဲ့ပါတယ်။ အတီးအမှုတ်အဆိုအကသံတွေ ကြားမှာ မဏ္ဍာပ်ထိုးပြီး တခမ်းတနားရေကစားကြတဲ့ အစိုးရဌာန၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ အုန်းလက်တွေ ကာရံထားတဲ့ မဏ္ဍာပ်ကလေးမှာ ကစားကြတဲ့ ကလေးငယ်တွေ၊ မော်တော်ကားနဲ့ ရေပက်ခံထွက်တဲ့ သူတွေ၊ လမ်းလျှောက်ရင်းလည်ပတ်ကြတဲ့ သူတွေ စသည်ဖြင့် ဒီနေ့ခေတ်ရဲ့ သင်္ကြန်ပုံရိပ်ကို တွေ့မြင်ရမှာပါဖြစ်ပါတယ်။ လူငယ်တွေပျော်တဲ့သင်္ကြန်၊ လူကြီးတွေနှစ်သက်တဲ့သင်္ကြန် လူရွယ်တွေပုံသဏ္ဍာန်မျိုးစုံနဲ့ ပျော်ဝင်ကြတဲ့သင်္ကြန် ဒီလိုနဲ့ သင်္ကြန်ဆိုတာ လူမျိုးမရွေး ဘာသာမရွေး.. အတန်းအစားမရွေး... အသက်အရွယ်မရွေး ပေါင်းစည်းပါဝင်ပျော်ရွှင်နိုင်တဲ့ ပွဲတော်တစ်ခုအဖြစ် ပုံရိပ်ထင်ကျန်နေရစ်ခဲ့ပါတယ်... ။

သင်္ကြန်ဂီတဆိုတာ….

သင်္ကြန်မရောက်ခင် နှစ်လအကြိုလောက်ကပင် သင်္ကြန်သီချင်းတွေကို စတင်ကြားရလေ့ရှိပါသည်။ သင်္ကြန်သည် ဖမ်းစားမှုအပြင်းထန်ဆုံး ပွဲတော်ဟုဆိုရလျှင် မဟုတ်ဘူးလို့ဖြေမယ့်သူမရှိလောက်အောင် သင်္ကြန်သီချင်းများက ဆွဲဆောင်ထားလေသည်။ သင်္ကြန်တေးသံများသည် သင်္ကြန်ရေနဲ့အတူ တစ်ပြည်လုံးအနှံလွှမ်းခြုံနေလေသည်။ ထင်ရှားတဲ့ မန္တလေးမြို့မ တေးဂီတအဖွဲ့ရဲ့ တူးပို့တေးသံတွေကိုလည်း ကြားရမယ့်အပြင် Techno Muisc တေးသံလွှမ်းတဲ့ မြူးကြွနေတဲ့ ခေတ်ပေါ်ဂီတပုံရိပ်တွေကလည်း ဒီနေ့ခေတ်သင်္ကြန်ရက်တွေကို လွှမ်းခြုံနေပါတော့တယ်။ မြန်မာ့ရိုးရာ အကအလှတွေနဲ့ ဖျော်ဖြေကြတဲ့ သင်္ကြန်ယိမ်းအဖွဲ့တွေရဲ့ ဖျော်ဖြေမှုတွေကိုလည်း နေရာအနှံအပြားမှာ မြင်တွေ့ရဦးမှာဖြစ်သလို သင်္ကြန်သံချပ်တွေကိုအော်ဟစ်ရင်း နောက်ပြောင်ကျီစယ်တဲ့ အသံတွေကိုလည်း ကြားရမှာဖြစ်ပါတယ်။ ဤသို့ဖြင့် မြန်မာ့ရိုးရာအစဉ်လာ ရိုးရာသင်္ကြန်ဂီတ၊ လူငယ်တွေ၏ ယုံကြည်မှုဖြင့် အသစ်တဖန်တည်ဆောက်ထားခဲ့သော ခေတ်သစ် Remix ဂီတ၊ ကိုယ့်အကြိုက် ကိုယ့်အလိုက်ဖြင့်ဖန်တီးထားသော ကိုယ်ပိုင်ခံစားမှု ဂီတ အမျိုးအစားပေါင်းများစွာဖြင့် သင်္ကြန်ဂီတကို ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် တည်ဆောက်ထားခဲ့ကြသည် တည်ဆောက်နေခဲ့ကြသည် ... သင်္ကြန်သည် ဂီတတစ်ခုဖြင့် မြစ်ဖျားခံ၍ ဂီတတစ်ခုဖြင့် ပျော်ဝင်စီးမျောကြသော ပွဲတော်တစ်ခုဖြစ်ခဲ့သည်။

သင်္ကြန်ရိုးရာ စားစရာ….

မြန်မာတို့ရဲ့ချစ်စရာ ဓလေ့များတွင် ပွဲတော်တော်တော်များများ၌ မုန့်ကျွေးလေ့ရှိတာပဲဖြစ်သည်။ သင်္ကြန်မှာတော့ ထူးကဲစွာပျော်စရာကောင်းသည်မှာ စုံလင်လှသော မြန်မာမုန့်များကို နေ့အလိုက်ကျွေးတတ်ကြခြင်းဖြစ်သည်။ မုန့်အမျိုးမျိုးထဲမှ မုန့်လုံးရေပေါ်မှာ ထူးကဲစွာ ထင်ရှားသည်။ သင်္ကြန်ရေပျော်ရွှင်စွာဆော့ကစားရင် မုန့်များကို ၀ိုင်းစုစွာပြုလုပ်စားခြင်းသည် စည်းလုံးမှုတစ်ခုနှင့် ချစ်စရာအမူအကျင့်များကို ဖော်ပြသကဲ့သို့ဖြစ်နေပါသည်။ သင်္ကြန်ထမင်း ၊ မုန့်လက်ဆောင်း ၊ မုန့်လုံးရေပေါ် စသဖြင့်မရိုးနိုင်သော မုန့်များကို အိမ်တိုင်း၌ ပြုလုပ်၍ ခင်မင်သောအိမ်များသို့ အချင်းချင်းအပြန်အလှန်ပို့၍ လဲလှယ်စားသောက်ခြင်းသည် သင်္ကြန်၏ ရိုးရာတစ်ခုကဲ့သို့ ဖြစ်နေလေသည်။

သင်္ကြန် နှင့် ကုသိုလ်…

သင်္ကြန်တွင်းမှာ ထူးခြားတဲ့ နေ့ကောင်းရက်မြတ်လေးအဖြစ် ဒုလ္လဘရဟန်းခံပြီး သာသနာ့ဘောင်ဝင်ကာ တရားပွားများအားထုတ်ကြလေ့ရှိပါတယ်။ အသက်အရွယ်ကြီးတဲ့ လူတွေနဲ့ တချို့ငယ်ရွယ်သူတွေက ဘုရားကျောင်းကန်တွေမှာ ဥပုသ်သီတင်းဆောက်တည်ပြီးတော့ တရားရိပ်ခိုလှုံပျော်မွေ့ကြပါတယ်။ ဒါတင်မကသေး နီးစပ်ရာ ချောင်းမြောင်းများမှာ ငါးလွှတ်ပေးခြင်းဖြင့်လည်း ဇိဝိတဒါန ကုသိုလ်ပြုကြပါသေးတယ်။ အိုမင်းမစွမ်းတော့တဲ့ သက်ကြီးရွယ်ကြီးတွေကို ခေါင်းလျှော်ပေး၊ လက်သည်းခြေသည်း လှီးပေးရင်း ကုသိုလ်ကောင်းမှုပြုကြတာကလည်း သင်္ကြန်ရက်တွေမှာ တွေ့မြင်ရတဲ့ ဓလေ့တစ်ခုပါပဲ။ နောက်ပိုင်းကာလတွေမှာတော့ အရင့်အရင်ကာလတွေထက် လူငယ်တွေက တရားဘက်မှာ ပျော်မွေ့လာတာကိုတွေ့ရပါတယ်။ သင်္ကြန်ရက်တွင်း အချိန်တိုဖွင့်လှစ်သောတရားစခန်းများတွင် လူငယ်အများစုကို လုပ်အားပေးအနေဖြင့်လည်းကောင်း ကိုယ်တိုင်သစ္စာတရား(၄)ပါးကို လေးစားစွာနာယူမှတ်သားကျင့်ကြံနေသူများကို အများဆုံးတွေ့ရှိရသည်။

သင်္ကြန်တွင်းသတိပြုရန်…

ချစ်စရာ့သင်္ကြန်မှာ သတိပြုစရာတစ်ခုကတော့ လူငယ်တွေအပျော်လွန်ပြီး ဖြစ်တတ်တဲ့ ရမ်းကားမှုလေးတွေပဲဖြစ်ပါတယ်..။ အမှတ်တမဲ့ အပျော်ကျူးမှုလေးတွေကနေ အမှတ်တရ နာကျင်မှုတွေဖြစ်တတ်သောကြောင့် သတိပေးရေးသားရခြင်း ဖြစ်ပါတယ်။ သင်္ကြန်ဟာ လူတွေရဲ့ စိတ်ကိုသန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ပေးတဲ့လလေးဖြစ်လို့ အကောင်းဆုံး အမှတ်တရများ ထင်ကျန်ရစ်စေရန် မိမိတို့၏ ပျော်ရွှင်မှုများ သန့်ရှင်းစင်ကြယ်အောင် ဆောင်ရွက်တတ်ကြဖို့ လိုအပ်ပါတယ်။

Planet နှင့် သင်္ကြန်

အခါအခွင့်နှင့် ကိုက်ညီစွာဖြင့် Planet တွင် အမှတ်တရ ဆိုဒ်အသေးလေးများကို ဖော်ပြပေးထားပါတယ်။ သင်္ကြန်တွင်းမှာလည်း Planet User တွေ အိမ်လေးထဲမှာ ပျင်းရိမနေစေရန်၊ သင်္ကြန်မှာ ပြုလုပ်မယ့် သတင်းတွေ ၊ သင်္ကြန်အလွမ်းပြေ ပုံရိပ်တွေ၊ သင်္ကြန်အမှတ်တရ စာတွေ၊ ကဗျာတွေကို ထားရှိပေးထားပါတယ်။ Planet သင်္ကြန်ဆောင်းပါးလေးဖတ်ပြီး Planet User များ ပျော်ရွှင်နိုင်ကြပါစေ..။



o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.