Guest. It's 03:08 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009
Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009
Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009
Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009
Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009
Planet : Thingyan 2009
prophecy
မြန်မာသက္ကရာဇ် ၁၃၇၁-ခုနှစ်အတွက် သူရိယသိဒ္ဓန္တ မဟာသင်္ကြန်စာ

မဟာသင်္ကြန်ကျချိန် - ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၄) ရက်၊အင်္ဂါနေ့၊ မြန်မာစံတော်ချိန် နံနက်စက် (၃) နာရီ (၁၅) မိနစ်၊ (၃၆) စက္ကန့်။
မဟာသင်္ကြန်အကြတ်ရက် - ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၆) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၅) ရက်၊ ဗုဒ္ဓဟူးနေ့။
မဟာသင်္ကြန်တက်ချိန် - ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၇) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၆) ရက်၊ ကြာသပတေးနေ့၊ မြန်မာစံတော်ချိန် နံနက်စက် (၇) နာရီ၊ (၂၀) မိနစ်၊ (၁၈) စက္ကန့်။
နှစ်ဆန်းတစ်ရက် - ၁၃၇၁-ခု၊ တန်ခူးလပြည့်ကျော် (၈) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၇) ရက်၊ သောကြာနေ့။ (သုဒ္ဓဒိန် - ၁)။

ဇေယျတု သဗ္ဗမင်္ဂလံ။ ။ သုဝဏ္ဏမယံ၊ ဖလိက ပဋိစ္ဆန္နံ သမပဏ္ဏာ သယောဇနာယာမ၀ိတ္ထာရံ၊ သူရိယဿ ဒေသပုတ္တဿ ၀ိမာနံ၊ သူရိယမဏ္ဍလံ နာမ။ ယင်းသို့မိန့်မှာ၊ ဌကထာတည့်၊ ကျမ်းလာပါဌ်ရင်း၊ ဓိပ္ပာယ်လင်းသော်၊ အတွင်းခန်းသာ၊ ရွှေပိန်းကာသည့်၊ ထိန်ဝါတင့်ဖြီး၊ ရွှေဖြင့်ပြီး၍၊ ရံဆီးဘုံပ၊ ဖန်သားခလျက်၊ လုံးဝယူဇာနာ၊ ငါးဆယ်ဖြာနှင့်၊ သင်္ချာအ၀န်း၊ တွက်ရေညွှန်းသော်၊ အစွန်းငါးဆယ်၊ တစ်ရာသွယ်သည့်၊ နေနွယ်ဝံသ၊ အာဒိစ္စဟု၊ ဒေ၀ဗိမာန်၊ ဘုံယာဉ်ပျံကို၊ ရည်သန်သမှု၊ ခေါ်ဝေါ်ပြုသား၊ လောကုပစာ၊ သူရိယာဟု၊ နာမာပညတ်၊ နေပြာသာဒ်မှ၊ သဟဿရောင်၊ ခြည်တစ်ထောင်ဖြင့်၊ ထိန်ပြောင်ပ၀င်း၊ သုံးကျွန်းလင်းသည့်၊ တနင်္ဂနွေခေါ်ဆို၊ ထိုသည့်ဂြိုလ်သည်၊ အဟိုပထမ၊ ကပ်ဦးစက၊ မိဿရာသီ၊ အာဒိချီလျက်၊ ဿဝနီမှတ်၊ ထိုနက္ခတ်၏၊ ပါဒ်ပထမ၊ ယှဉ်ပြိုင်ကြလျက်၊ လှည့်ကြွမြန်းရာ၊ နက္ခတ်သာကို၊ မှီပါနိုင်ပဲ၊ သို့ဖြစ်မြဲကြောင့်၊ နောက်ဆွဲပါဒ၊ ဒုတိယနှင့်၊ ယှဉ်ရပြန်ရာ၊ ဤခြင်းရာဖြင့်၊ ပစ္စာဝါဒ၊ နက္ခတ္တနှင့်၊ ဌာနရာသီ၊ ဆယ့်နှစ်လီ၌၊ စဉ်စီယှဉ်ရ၊ သို့ကိစ္စမှာ၊ မာသချင့်ထောက်၊ မိန်သို့ရောက်၍၊ နောက်အ၀ဿန်၊ န၀င်းမှန်မှ၊ တစ်ဖန်မိဿ၊ အစန၀င်း၊ ပြောင်းယှဉ်ခြင်းဖြင့်၊ စက်ကွင်း - ၁ ရစ်၊ ၁-ပတ်ခေတ်ကို၊ ၁-နှစ်အရ၊ သင်္ကြန်ကျဟု၊ ဌာနမြန်ပြည်၊ သမုတ်သည်ကို၊ အတည်တွက်ဆ၊ သင်္ကေတကား၊ ခဆပဉ္စာ၊ သက္ကရာကို၊ ရာဇာကြငှန်း၊ စောရဟန်းတည့်၊ ကိန်းခန်းချေရစ်၊ အစနှစ်မှ၊ မဇ္စျေဌာနီ၊ နေပြည်တော်ထိ၊ သွယ်ညှိယူလစ်၊ တွက်စစ်ကောဇာ၊ နှစ်သင်္ချာကား၊ ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၅-ရက်၊ ခရစ်နှစ်၊ ၂၀၀၉-ခု၊ ဧပြီလ၊ ၁၄-ရက်၊ အင်္ဂါနေ့၊ မြန်မာစံတော်ချိန်၊ နံနက်စက်၊ ၃-နာရီ၊ ၁၅-မိနစ်၊ ၃၆-စက္ကန့်၊ မြန်မာပဟိုရ်ညဉ့် ၃-ချက်တီးကျော်၊ ၀-နာရီ၊ ၃-ပါဒ်၊ ၄-ဗီဇနာ၊ ၃-ပြာဏ်၊ ၄-ခရာအချိန်၊ ကုမ်ရာသီလဂ်၊ ဗြိစ္ဆာရာသီစန်း၊ တနင်္ဂနွေဟောရတ်၊ ဗုဒ္ဓဟူးတြင်း၊ စနေန၀င်း၊ ဗုဒ္ဓဟူးဒွါဒသင်း၊ ကြာသပတေးတိံသင်း၊ နက္ခတ် ၂၃-လုံး၊ ၁-ပါဒ်၊ ၆-ဃဋီ၊ ၁၆-၀ိဃဋီ၊ ၁၈-အနုဃဋီပြည့်ထက်၊ လဂ်စီးလျက်၊ ထိုနာရီ၏ မွန်းတည့်နက္ခတ်သော်ကား၊ ဇေဠနက္ခတ်တွင် ၂၂၈-အံသာ၊ ၁၁-လိတ္တ၊ ၃၄-၀ိလိတ္တာစီးလျက်၊ ဗလ၀ကရိုဏ်းနှင့်ယှဉ်၍၊ ဘာနုရာဇာမည်သော တနင်္ဂနွေဂြိုလ်မင်းသည် ဇင်ရွေးနီအဆင်းနှင့်တူသော အ၀တ်တန်ဆာကိုဝတ်ဆင်လျက်၊ ဂဠုန်ကိုစီး၍ လက်တစ်ဘက်ကား သန်လျက်၊ လက်တစ်ဘက်ကား တံစဉ်ကိုင်၍၊ မြောက်ကသည် အရှေ့တောင်ထောင့်သို့ဝင်၏။ ဓံနီနတ်သမီးကား အလှည့်စေ့၍၊ ပရမိသွာနတ်မင်း၏သား “အာသီ” အမည်ရှိသော ဗြဟ္မာမင်း၏ဦးခေါင်းကို ကမ်းသည်ရှိသော် ဃောရဿနတ်သမီးကား မှောက်ခုံနေ၍ လှမ်းလင့်၏၊ မဟောရကာဒေ၀ီနတ်သမီးကား အဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊ အ၀ါ အားဖြင့် ငါးပါးသောအဆင်းဖြင့်ပြီးသော အ၀တ်တန်ဆာကိုဝတ်ဆင်လျက် သင်္ကြန်မင်းကိုစောင့်လင့်၏။ မိုးဦးတန့်အံ့၊ မိုးလယ်၊ မိုးနှောင်းကောင်းအံ့၊ ကျိုင်း၊ ပိတုန်း စသော အတောင်ရှိသောသတ္တ၀ါတို့ ထူကုန်အံ့၊ ကမ္ဘာပေါ်၌ စစ်မက်များအံ့၊ ပြည်ရွာမီးလောင်ဖန်များအံ့၊ စပါး၊ အသီးအနှံမြောက်အံ့၊ ပဒေသရာဇ်စနစ်ဖြင့်အုပ်ချုပ်သောနိုင်ငံများ ပျက်သုဉ်းအံ့၊ အုန်းသီး၊ ငရုတ်ရှားအံ့၊ ဤကား သင်္ကြန်ကျအဟောတည်း။

သင်္ကြန်သုံးပါးတို့တွင် သမန္တသင်္ကြန်ဖြစ်သောကြောင့် သင်္ကြန်ကျပြီးနောက် (၂၄) မိနစ်ရောက်သောအချိန်၌ ဦးခေါင်းဆေးမင်္ဂလာပြုရာ၏။ ဤကား အများနှင့်ဆိုင်သော သမညအခါပေတည်း။ အသီးအသန့် ၀ါသေသအခါပေးကား သင်္ကြန်မြေခံသော သင်္ကြန်ကျသည့်အချိန်တွင် တိထီ ၃-လုံး၊ ၅၂-ဃဋီ၌ ဣဋ္ဌသောကြာမြေခံဖြစ်၏။ သို့ဖြစ်၍ ယင်းတိထီမြေခံဆိုင်ရာမှာ သောကြာနေ့ဖြစ်ပြီး သင်္ကြန်ကျသည့်ရက်မှာ အင်္ဂါနေ့ဖြစ်၏။ သို့ဖြစ်ရာ အင်္ဂါနေ့နှင့် သောကြာနေ့သားသမီးတို့မှအပ ကြွင်းကျန်ကုန်သောနေ့သားသမီးတို့သည်။ မိမိတို့၏နေ့အလိုက် ပဟပတိအရပ်ကား တနင်္ဂနွေသားသမီးများအတွက် မိမိမွေးနံကျရာ တနင်္ဂနွေအရပ်ဖြစ်သော အရှေ့မြောက်ထောင့်အရပ်ကို ပရိဝါရမှဆက်၍ အာယု၊ နဂရ၊ ဘုမ္မိ၊ ဂဟေပတိ- ဟုရေတွက်၍ လက်ယာရစ်အားဖြင့် အရပ်မျက်နှာကို လှည့်၍ယူရာတွင် အနောက်တောင်ထောင့်အရပ်သည် ဂဟပတိအရပ်ဖြစ်သည်။ ထို့ကြောင့် တနင်္လာသားသမီးကား- အနောက်အရပ်၊ ဗုဒ္ဓဟူးသားသမီးကား- မြောက်အရပ်၊ ကြာသပတေးသားသမီးကား- အရှေ့၊ စနေသားသမီးကား- အရှေ့မြောက်ထောင့်၊ ရာဟုသားသမီးကား- အရှေ့တောင်အရပ်များသို့ မျက်နှာမူပြီးလျှင် မိမိတို့နံ၏အမြစ်ဖြစ်သော တနင်္ဂနွေကား-ဒန်း၊ တနင်္လာကား-အုန်း၊ ဗုဒ္ဓဟူးကား-မြေစာ၊ ကြာသပတေးကား-ချယား၊ စနေကား-သီး၊ ရာဟုကား-မြေစာ၊ အမြစ်နှင့် နံတူပန်းညွန့်တို့ကိုနင်းကြမ်းပြု၍ မိမိတို့နံ၏အညွန့်ပန်း တနင်္ဂနွေကား-ကံ့ကော်၊ တနင်္လာကား-မြေစာ၊ ဗုဒ္ဓဟူးကား-သပြေ၊ ကြာသပတေးကား-သီး၊ စနေကား-အုန်း၊ ရာဟုကား-သပြေ ဟူသော နံတူပန်းပွင့်/ပန်းညွန့်တို့ကို အသီးသီးဆောင်လျက် ရတနာသုံးပါး၊ မိဘဘိုးဘွား၊ ဆရာသမား၊ သိကြား ဗြဟ္မာ စတုလောကပါလ သာသနာတောင်စောင့် သမ္မာဒေ၀နတ်မြတ်နတ်ကောင်းတို့ကို ပူဇော်ကန်တော့ပြီး မိမိတို့လိုရာ ဆန္ဒကိုဆုတောင်း၍ ဦးခေါင်းဆေးမင်္ဂလာ ပြုကုန်ရာသည်။

သင်္ကြန်အကျ မြေခံနေ့သားသမီးများဖြစ်သော သောကြာနေ့သားသမီးတို့သည် မိမိတို့၏ဂဟပတိအရပ်ဖြစ်သော တောင်အရပ်ရှိသစ်ပင်ရင်း၌ မိမိတို့နံ၏အမြစ်ဖြစ်သော သပြေကိုအခင်းပြု၍၊ မိမိတို့နံ၏ အညွန့်ဖြစ်သော ဒန်းပန်းကိုဆောင်လျက် သင်္ကြန်အကျဂြဟဇာပွင့်ရာ အောက်အရပ်သို့ မျက်နှာမူပြီးလျှင် ဦးခေါင်းဆေးမင်္ဂလာပြုကုန်ရာသည်။

သင်္ကြန်အကျနေ့သည် အင်္ဂါနေ့ဖြစ်ရာ အင်္ဂါသားသမီးတို့သည် သင်္ကြန်အကြတ်ရက်ဖြစ်သော ဗုဒ္ဓဟူးနေ့၌ ဂဟပတိအရပ်ဖြစ်သော အနောက်မြောက်သစ်ပင်ရင်း၌ မိမိတို့အင်္ဂါ၏ အမြစ်နေ့နံဖြစ်သည့် ကံ့ကော်ညွန့်ကိုခင်း၍ မိမိတို့နံညွန့်ပန်းဖြစ်သော ချယားညွန့်ဆောင်ပြီးလျှင် ဂြဟဇာပွင့်ရာ သင်္ကြန်အကြတ်ဂြဟဇာအရပ်ဖြစ်သော အရှေ့အရပ်သို့မျက်နှာမူပြီးလျှင် ရတနာသုံးပါး၊ မိဘဆရာ၊ ဗြဟ္မာသိကြား၊ စတုလောကပါလ သာသနာတော်စောင့် နတ်ကောင်းနတ်မြတ်တို့အား လိုသောဆုတောင်းပြီးလျှင် ဦးခေါင်းဆေးမင်္ဂလာပြုကြကုန်ရာ၏။

ဦးခေါင်းဆေးအကျိုးကား - သင်္ကန္တေ၊ သင်္ကြန်ဟုခေါ်ဝေါ်အပ်သော တနင်္ဂနွေဂြိုလ်မင်းသည်။ ပုဏ္ဏမေ၊ အံသာ(၃၆၀)ရသဖြင့်၊ တစ်ဘဂဏပြည့်၍၊ မိန်ရာသီအ၀သာန်န၀င်းမှ မိဿရာသီအာဒိန၀င်းသို့ ပြောင်းခဲ့သည်ရှိသော်။ ဣဓ၊ ဤလူ့ပြည်၌၊ မာဏ၀ါ၊ သတ္တ၀ါဟုခေါ်ဝေါ်အပ်ကုန်သော မနုဇာ၊ လူအပေါင်းတို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏၊ တေသံ၊ ထိုဦးခေါင်းဆေးကုန်သောသူတို့အား။ သတ္တဘာဂီ၊ ခုနှစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာမျိုးတို့သည်။ ၀ိနာသေယျုံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ၊ ချမ်းသာခြင်း၏အဖို့ဖြစ်ကုန်သော သတသဟဿာနိ၊ တစ်သိန်းသောအကျိုးတို့သည်။ ဘ၀ယျုံ၊ ဖြစ်ကုန်ရာ၏။
သင်္ကြန်အခါ ရှောင်ကျဉ်ရန်အမှုများကား “နရာနံ မေထုနံ သုရာ၊ ၀ဓကောဓေန တေလတာ။ ရုက္ခဆေဒါ ဟနန္တဿ၊ ကိဏေယျ ၀ိက္ကိဏေယျ ၀ါ။ ဣမာနိ ဒသကမ္မာနိ၊ သက္ကောပိ ပရိဝဇ္ဖယျေ” ဟုဆိုသောကြောင့် မင်္ဂလာစကား၊ လင်္ကာကြားအံ့၊ ကြောင်းလျားစုံစေ့၊ သင်္ကြန်နေ့၌၊ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊ မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရာ၊ မေထုနာနှင့်၊ ပါဏာသတ်ပုတ်၊ သောက်ထုတ်သေရက်၊ မျက်ထွက်မာန၊ ပဋိဃနှင့်၊ ဒေါသမလွတ်၊ ဆီပွတ်လိမ်းဆင်၊ သစ်ပင်ခုတ်ဖြတ်၊ သတ်ခတ်ကုန်ရှောင်း၊ အရောင်းအ၀ယ်၊ လဲလှယ်ဟူသည် ဤဆယ်မည်ကို၊ လူ့ပြည်လူ့ခွင်၊ လူကိုစင်ထား၊ မြင့်မိုရ်ဖျားဝယ်၊ သိကြားသော်မှ၊ မပြုရရှာ၊ ရှောင်ကြဉ်ရာဟု၊ ကျမ်းလာသော်အား၊ လင်္ကာကြားသည်၊ ဤကားမဟာသင်္ကြန်အလိုတည်း။

တနင်္ဂနွေသားသမီးတို့သည်။ ။ ဤနှစ်တွင် မည်သည့်ကိစ္စကိုမဆို အလွယ်တကူကတိမပေးသင့်ပေ၊ စိတ်ပျံ့လွင့်မှုမရှိဘဲ လိမ္မာပါးနပ်တည်ငြိမ်စွာနှင့်လုပ်ကိုင်လျှင် အောင်မြင်ဖြစ်ထွန်းအံ့၊ မိတ်ကောင်ဆွေကောင်းတို့ကြောင့် မျှော်မှန်းထားသည်ထက် အောင်မြင်မှုရရှိအံ့၊ အိမ်ခြံမြေအမွေအနှစ်ရရှိအံ့၊ ရင်းနှီးမြှုပ်နှံမှုကို မမှားအောင်ဂရုစိုက်သင့်သည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်ဆွေမျိုးများ၏ ထင်မြင်လွဲမှားမှုခံရအံ့။ အင်္ဂါနံ၊ စက်ပစ္စည်းဝင်အံ့၊ အကျိုးရှိအံ့၊ ကြာသပတေး၊ အင်္ဂါသားသမီးတို့၏ကူညီမှုကြောင့် များစွာအောင်မြင်အံ့၊ တရားဥပဒေနှင့်မကင်းသောကိစ္စများအတွက် သောကကြုံရအံ့၊ ငွေကုန်ကျမှု၊ ရင်းနှီးမြှုပ်နှံမှုများသလောက် အကျိုးမခံစားရ၊ သတိပြုသင့်သည်။ ကားနှင့်ပတ်သက်၍ အကျိုးအမြတ်နည်းမည်။

တနင်္လာသားသမီးတို့သည်။ ။ ဤနှစ်တွင် ကျန်းမာရေးညံ့တတ်အံ့၊ ကြာသပတေးသားသမီး၏အကူအညီကြောင့် အိမ်၊ခြံ၊မြေ အကျိုးအမြတ်ရှိအံ့၊ ၀င်အံ့၊ အင်္ဂါနံ စက်၊ဆန်၊ဆီ၊ စိန်ဝင်အံ့၊ မိတ်ဆွေနှင့်ပတ်သက်၍ ရွှေ၊ ရေလုပ်ငန်းအောင်မြင်မှုရရှိအံ့၊ ဗုဒ္ဓဟူးသားသမီးနှင့် မိခင်နှင့်တူသောပုဂ္ဂိုလ်များ၏ ကူညီမှုတို့ကြောင့် ပိုမိုအောင်မြင်မှုရရှိအံ့။ ငွေကုန်ကြေးကျများအံ့၊ တနင်္လာသားသမီးတို့နှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် မမျှော်လင့်သောဆုံးရှုံးမှုပေါ်အံ့၊ ရေလမ်းခရီးဘေးတွေ့တတ်သော်လည်း အန္တရာယ်မရှိနိုင်ပါ၊ လုပ်ငန်းများတွင် လုပ်ဆောင်မှုအားနည်းမှုကြောင့် အထင်လွဲမှုကြုံရအံ့၊ ဆန္ဒစော၍လုပ်ဆောင်မှုများကို သတိပြုရအံ့။

အင်္ဂါသားသမီးတို့သည်။ ။ဤနှစ်တွင်ရာထူးတိုးအံ့၊ လုပ်ငန်းကိစ္စများတွင် အထင်လွဲမှားမှုများကြောင့် ကြန့်ကြာမှုကြုံရခြင်းကို သတိနှင့်လုပ်ဆောင်သင့်သည်။ မိမိ၏ဆောင်ရွက်မှုများကြောင့် အများလေးစားကြည်ညိုမှုခံရအံ့၊ မိမိအောက်လူများကူညီမှုကြောင့် မြေ၊အမွေအနှစ်ရအံ့၊ ၀င်အံ့၊ အိမ်တွင်းရေး၊ မိသားစုရေးကိစ္စများတွင် စိတ်ရှည်စွာဖြေရှင်းဆောင်ရွက်မှုကြောင့် အောင်မြင်မှုရရှိအံ့၊ အယူဝါဒရေးရာ ဆောင်ရွက်ရာတွင် ဆန္ဒစောမှုများကြောင့် အထင်အမြင်လွဲမှုကြုံအံ့၊ ကြာသပတေးသားသမီး၊ ပညာရှင်ကြီးကဲသူတို့၏ ကူညီပံ့ပိုးမှုကြောင့် အောင်မြင်မှုပိုမိုရရှိအံ့၊ အချစ်ရေး စန်းပွင့်အံ့၊ ပညာရေးတွင် ကြိုးစားသလောက်အောင်မြင်မှုရရှိအံ့၊ ငွေအတွက်သောကကြုံ၍ ကြာသပတေးသားသမီး ကူညီမှုဖြင့်အောင်မြင်မည်။ ဆီးရောဂါ၊ ခါးနာရောဂါဝေဒနာဖြစ်အံ့။

ဗုဒ္ဓဟူးသားသမီးတို့သည်။ ။ဤနှစ်တွင် ဆန်၊ဆီ၊ဆေး၊ဆား၊စွမ်းအင်၊ စက်မှုအလုပ်အကိုင်းများ တိုးချဲ့လုပ်ကိုင်လျှင် အောင်မြင်မှုရရှိအံ့။ အင်္ဂါသားသမီးတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အကြံဥာဏ်ယူ၍ ဆောင်ရွက်ခြင်းတို့ကြောင့် ကြီးမားသောအောင်မြင်မှုကိုရရှိအံ့။ မိမိနှင့်ရင်းနှီးသော စနေ၊ တနင်္ဂနွေသားသမီးတို့၏ အထင်အမြင်လွဲမှားမှုကြုံရအံ့၊ အိမ်ထောင်ရေးတွင် ဆွေမျိုးများကြောင့် သဘောကွဲလွဲမှုကြုံရအံ့၊ အလုပ်ပင်ပန်းသလောက် အကျိုးခံစားရအံ့၊ အပေါင်းအသင်းမိတ်ဆွေတို့အပေါ် အကူအညီပေးရအံ့။ ဆုံးရှုံးမှုကြုံသောငွေကြေးများ ရင်းနှီးသောမိတ်ဆွေ၏ကူညီမှုကြောင့် သက်သာမှုရအံ့။

ကြာသပတေးသားသမီးတို့သည်။ ။ဤနှစ်တွင် အောင်မြင်ဖြစ်ထွန်းအံ့၊ အင်္ဂါနံစက်၊ စက်ပစ္စည်း၊ ယာဉ်၊ ကား၊ အကျိုးပေးအံ့၊ အိမ်၊ ခြံ၊ မြေ ၀င်အံ့၊ အကျိုးခံစားရအံ့၊ လုပ်ငန်းကိစ္စများတွင် သတိကင်းလွတ်ပါက ငွေကြေးဆုံးရှုံးမှုရှိအံ့၊ ကျန်းမာရေးကောင်းအံ့၊ ဂုဏ်သတင်းကျော်ကြားအံ့၊ အိမ်တွင်းရေး၊ မိသားစုရေး ရှုပ်ထွေးမှုရှိအံ့၊ ပညာရေးတွင် မိမိမျှော်မှန်းထားသလို အောင်မြင်မှုရရှိအံ့၊ စက်မှုပညာ၊ နည်းပညာရပ်များ၊ ကွန်ပျူတာပညာရပ်တို့တွင် ပိုမိုတိုးတက်အောင်မြင်မှုရရှိအံ့၊ အချစ်ရေးတွင် အဆင်ပြေမှုရှိအံ့၊ စန်းပွင့်အံ့၊ မိသားစုအတွက် စိတ်သောကကြုံ၍ ငွေကုန်ကျမှုများအံ့၊ သည်းခံနိုင်ဖွယ်သာ ပြဿနာများအား သည်းခံလျှင် အောင်မြင်ကျော်လွှားမည်။

သောကြာသားသမီးတို့သည်။ ။ဤနှစ်တွင် အနှောင့်အယှက်၊ အတိုက်အခံတို့နှင့် လုပ်ငန်းတိုးတက်ရအံ့၊ အိမ်တွင်းရေးအညံ့ကြုံအံ့၊ စိတ်ကူးစိတ်သန်းများကို အကောင်အထည်ဖော်လုပ်ဆောင်ရာတွင် နှောင့်နှေးကြန့်ကြာမှုကြုံတွေ့ပြီး အောင်မြင်မှုရရှိအံ့၊ အိမ်ထောင်ရေးတွင် အထင်လွဲမှုခံရအံ့၊ စိတ်မချမ်းမြေ့ဖွယ်များတွေ့ရအံ့၊ စပ်တူရှယ်ယာလုပ်ငန်းများကြောင့် ဆုံးရှုံးမှုဖြစ်ပေါ်အံ့၊ အိမ်ထောင်ဖက် ကျန်းမာရေးချို့တဲ့အံ့၊ အချစ်ရေးတွင် အထင်လွဲမှုကြုံရအံ့၊ ပညာရေးတွင် စိတ်ပျံ့လွင့်မှုထိန်းသိမ်းကာ ကြိုးစားပါက အောင်မြင်မှုရရှိအံ့။

စနေသားသမီးတို့သည်။ ။ဤနှစ်တွင် လုပ်ငန်းကိစ္စများ၌ စေတနာ၊ အနစ်နာခံမှုတို့ကြောင့် ပိုမိုတိုးတက်အောင်မြင်အံ့၊ လူလိမ်၊ ငွေလိမ်ခံရအံ့၊ မျှော်မှန်းထားသလောက် လုပ်ငန်းကြီးများကို အောင်မြင်အောင်လုပ်ဆောင်နိုင်အံ့။ အောက်လက်ငယ်သားတပည့်တပန်းအတွက် စိတ်ညစ်ရအံ့၊ ဗုဒ္ဓဟူးသားသမီးတို့၏ ကူညီပံ့ပိုးမှုကြောင့် အောင်မြင်မှုရရှိအံ့။ အချင်းချင်းသစ္စာဖောက်မှုကြုံရအံ့။ ကျန်းမာရေးတွင် ဆီး၊ ကျောက်ကပ်ဝေဒနာဖြစ်အံ့၊ အချစ်ရေးတွင် သဘောထားကွဲလွဲမှုဖြစ်နိုင်၍ စိတ်ရှည်စွာထားသင့်သည်။

သင်္ကြန်အတာတက်အံ့သောအခါကား။ ။မြန်မာသက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၇-ရက်၊ ခရစ်နှစ်၊ ၂၀၀၉ ခု ဧပြီလ ၁၆ ရက် ကြာသပတေးနေ့ မြန်မာစံတော်ချိန် နံနက် စက်နာရီ ၇-နာရီ ၂၀ မိနစ် ၁၈ စက္ကန့်၊ မြန်မာပဟိုရ်၊ နံနက် ၄ ချက်တီးကျော်၊ ၄နာရီပါဒ်ပြည့်၊ ၅ ဗီဇနာ၊ ၂-ပြာဏ်၊ ၇ ခရာအချိန် မိဿရာသီလိဂ်၊ ဓနုရာသီဆန်း၊ တနင်္လာဟောရတ်၊ ကြာသပတေးတြင်း၊ ကြာသပတေးန၀င်း၊ ကြာသပတေးဒွါဒသင်း၊ သောကြာတိံသင်း၊ နက္ခတ် ၂ လုံး၊ ပါဒ်ပြည့်၊ ဃဋီပြည့်၊ ၁၀-၀ိဃဋီ၊ ၁-အနုဃဋီထက် လဂ်စီးလျက် ထိုနာရီ၏ ဣဋ္ဌဘ၀ါးသော်ကား ၁၅-ဘ၀ါး၊ ၁၂-လက်သစ်၊ ၂-မုယော ၂-နှမ်း ၂-ဆံခြည်တွင် ဗိသျှတိကရိုဏ်နှင့်ယှဉ်လျက် သီရိသူရိယသိဒ္ဓန္တ သံဒိဋ္ဌ ကြမတ္တ ဗိုလ်ပြိုသည်နှင့်အညီ၊ သညီဝေါဟာ၊ အတာနှစ်သစ် သက္ကရာဇ် ၁၃၇၀-ခုနှစ်ပြည့်သည်ဖြစ်၍ အတာတက်သည် အတာသင့်သော ကြာသပတေးသားသမီးတို့သည် အတာတက်သောအချိန်၌ ရတနာ ၇ ပါးဖြင့်ဆင်ယင်၍ မြတ်သောနေရာမှ ဘုရား၊တရား၊သံဃာ ရတနာသုံးပါး၊ မိဘဘိုးဘွား၊ ဆရာသမား၊ ဗြဟ္မာသိကြား၊ စတုလောကပါလ သာသနာတော်စောင့် သမ္မာဒေ၀နတ်ကောင်းနတ်မြတ်တို့အား မိမိတို့ဆန္ဒရှိသော ၀တ္ထုပစ္စည်းတို့အား လှူဒါန်းပူဇော်ပသ၍ တိထိမြေခံအင်္ဂါ၏ ဂြဟဇာပွင့်ရာအရပ်ဖြစ်သော အရှေ့တောင်အရပ်သို့ မျက်နှာမူပြီးလျှင် အတာစားကုန်ရာသည်။

အတာစားခြင်း၏အကျိုးကား။ ။အတာပုည ကုသလကို ပြကြကုန်သော အမျိုးသား အမျိုးသမီးတို့သည် “အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ” ဟု ပသေနဒီကောသလမင်းကြီးအား မြတ်စွာဘုရားဟောကြားတော်မူသည်ကို အကြောင်းပြု၍ ထိုကဲ့သို့ ရတနာသုံးပါးစသည်တို့အား လှူဒါန်းပူဇော်ကြသောသူတို့သည် ကောင်းကျိုးချမ်းသာမင်္ဂလာတရား ပြန့်ပွားတိုးတက်ပြည့်စုံကုန်ရာသည်။
အတာဆန်းထူး နှစ်ဟောင်းကျူး၍ တန်ခူးလည်သည် နှစ်အမည်ကား ဇေယျနှစ်တည်း နှစ်ကို နွားလား ဥသဘစောင့်၏ လ ကိုကျေးစောင့်၏။ ရက်ကို ဒက္ခရက်ဘီလူးစောင့်၏။ မြေကို ကုမ္ဘာဏ်ဘီလူးစောင့်၏။ ကောင်းကင်ကို ဗိဿနိုးစောင့်၏။ ရေကိုကြွက်စောင့်၏။ မိုးကို ကြက်စောင့်၏။ တောကို စင်ရော်ငှက်စောင့်၏။ လူတို့၏အဓိပတိကား မင်း၊ အခြေလေးခုတို့၏ အဓိပတိကား နွား၊ ငှက်တို့၏အဓိပတိကား ကျေး၊ သစ်ပင်တို့၏ အဓိပတိကား ထိန်၊ ၀ါးတို့၏အဓိပတိကား မြင်ဝါး။ မြက်တို့၏အဓိပတိကား နွားမြက်ရင်း။ နက္ခတ် ၃ လုံးငုပ်၏။ ၄ လုံးပေါ်၏။ မိုးအကြိမ် ၅၀ ရွာအံ့။ မိုးဦးနည်းအံ့။ တန်ခူးလဆန်း မိုးသံကြားအံ့။ နယုန်လမှာ ရွာအံ့။ မိုးလယ်ရောက်သော် မိုးထန်အံ့။ မိုးကြီးကျယ်စွာရွာအံ့။ ရေကြီးအံ့။ မုန်တိုင်းလာအံ့။ အခြေလေးခုရှိသော သတ္တ၀ါ၊ အတောင်ရှိသော ကျေးငှက်သတ္တ၀ါတို့သည် ဘေးကြီးစွာဖြစ်ကုန်၍သေကုန်အံ့။ ပြည်ရွာ မီးလောင်ဖန်များကိန်းရှိသော်လည်း ကြိုတင်ကာကွယ်မှုစနစ်များကောင်းမွန်ခြင်းကြောင့် အဖြစ်နည်းအံ့။ လူတို့အနာအဖျား များကုန်အံ့။ သစ်မြစ်၊ သစ်ဖု၊ သစ်သီး၊ အလုံးကြီးအံ့။ ဥတ္တရ၊ ဧသံ၊ အဂ္ဂိအရပ်မှာရှိသော ပြည်ရွာတို့သည် သုဉ်းကုန်အံ့။ ရှားပါးငတ်မွတ်အံ့။ ထိုနှစ်ဖွားသော သားကား အဆင်းလှအံ့။ ပညာရှိအံ့။ ဟူးရားသမားတတ်အံ့။ ချမ်းသာရအံ့။ အသက် ၇၀ နေရအံ့။ ဤကား အတာစက္ခုအလိုတည်း။
မိုးလအခါ သီရိန္ဒြအမည်ရှိသောနတ်သားသည် အညို၊ အပြာ၊ အစိမ်း၊ အမောင်း၊ အမည်းအားဖြင့် ငါးပါးသောအဆင်းဖြင့်ပြီးသော အ၀တ်တန်ဆာ၊ ရတနာ(၇)ပါးဖြင့်ပြီးသော ဘယက်တန်ဆာ နားဋောင်းမကိုဋ်သရဖူတို့ကို ၀တ်ဆင်ပြီးသော် အလျား ၂ ဥသဘရှိသည့် အရောင်တို့ဖြင့် ထွန်းလင်းတောက်ပသော သန်လျက်ကို လက်ယာလက်ဖြင့်ကိုင်လျက် လက်ဝဲလက်ဖြင့် မိုးရေကိုဆောင်၍ စကြ၀ဠာတိုက်အလုံးကိုနှံ့စေပြီး လူမျိုးအများ သားငါးတိရစ္ဆာန်တို့ကို သနားကြင်နာမေတ္တာထား၍ တစ်နှစ်တစ်ခါ ကမ္ဘာ့တန်ဆာဖြစ်သော မိုးတင်းများကို ကယ်တင်ထောက်ပံ့သည်ကား လူ့ပြည်၌ ၄ တင်း၊ သတ္တရဘန်၌ ၁ တင်း၊ ဟိမ၀န္တာ၌ ၁ တင်း၊ ကောင်းကင်၌ ၀ တင်း၊ သမုဒ္ဒရာ၌ ၅ တင်းဖြစ်ရာ လူ့ပြည်၊ သမုဒ္ဒရာတို့၌ မိုးတင်းများသောကြောင့် ၀ပြောသာယာအံ့။ မိုးကောင်းအံ့။ တိမ်တောင်နဂါးပွက်များအံ့။ နဂါးတို့မြူးတူးခြင်း လွန်ကုန်အံ့။ ငါးကြီးသားကြီးအသေများအံ့။

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.