Guest. It's 05:16 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009
Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009
Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009
Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009 Planet : Thingyan 2009
Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009Planet : Thingyan 2009
Planet : Thingyan 2009
POEMS / Articles
စင်္ကာပူနိုင်ငံရောက် မြန်မာများ အတာသင်္ကြန်ဆင်နွှဲနိုင်မည်
စင်္ကာပူနိုင်ငံတွင် လူ(၂၀၀၀၀)ကျော် ပါဝင်ဆင်နွှဲနိုင်မည့် အကြီးကျယ်အခမ်းနားဆုံး သင်္ကြန်ပွဲတော်တစ်ခုအား စင်္ကာပူနိုင်ငံရှိ မြန်မာအဖွဲ့အစည်းနှစ်ခုက ကျင်းပသွားမည်ဟု သိရသည်။ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များအသင်း (MBA)နှင့် မြန်မာကလပ်တို့ ပူးပေါင်းစီစဉ်မှုအဖြင့် အဆိုပါပွဲတော်ကို ပင်နီဆူလာ ပလာဇာအနီး ပဒန်းကွင်းတွင် ဧပြီလ(၁၂)ရက်နေ့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ရန်နှင့် ပညာသင်ယူရန်စသော ရည်ရွယ်ချက်များဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား တစ်သိန်းခန့်ရှိရာ ထိုအဖွဲ့အစည်းနှစ်ခုက အမိမြေနှင့်ဝေးကွာနေသော မြန်မာလူမျိုးများအတွက် ရည်ရွယ်ပြီး ယခုသင်္ကြန်ပွဲကို စီစဉ်ကျင်းပပေးခြင်း ဖြစ်သည်။ ယခင်နှစ်များကလည်း စင်္ကာပူသင်္ကြန် ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် ပိုမိုခမ်းနားကြီးကျယ်စွာ ကျင်းပသွားရန် စီစဉ်ထားသည်။

ပဒန်းကွင်းသည် စင်္ကာပူ၏ အချက်အချာကျသော နေရာတွင်တည်ရှိပြီး အနီးဝန်းကျင်တွင် မြန်မာစားသောက်ဆိုင်များ၊ လုပ်ငန်းစုများ တည်ရှိနေပြီး စင်္ကာပူရောက် မြန်မာနိုင်ငံသားများ ပုံမှန်စုဝေးတွေ့ဆုံသည့် ပင်နီဆူလား ပလာဇာနှင့်လည်း နီးကပ်စွာ ရှိနေသည်။ လျာထားကုန်ကျငွေ စင်္ကာပူဒေါ်လာ တစ်သိန်းခွဲခန့် သတ်မှတ်ထားသည့် ယင်းပွဲတော်အတွက် အဓိက Sponsorမှာ စင်္ကာပူ၏ တတိယအကြီးဆုံး မိုဘိုင်းလ်ကုမ္ပဏီ M1ဖြစ်ပြီး ကုန်ကျငွေ၏ (၃၀)ရာခိုင်နှုန်းကို တာဝန်ယူသွားမည်ဖြစ်သည်။ အခြားSponsorများမှာ Fresh Air Conditioning System၊ Ginvera၊ Royal Myanmar Teamix၊ Irrawady Restaurant၊ Pan Yoma Travelနှင့် Parkway Cancer Centreတို့ဖြစ်သည်။ ထို့အပြင် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်အချို့ကလည်း သင်္ကြန်ပွဲအတွက် ငွေကြေးထောက်ပံ့ကြကြောင်း သိရသည်။

စင်ကာပူသင်္ကြန်ပွဲသို့ မြန်မာနိုင်ငံမှ အနုပညာရှင်များ လာရောက်ဖျော်ဖြေကြမည်ဖြစ်ရာ ထိုအနုပညာရှင်များအတွက် လေယာဉ်ခရီးစဉ်ကို မြန်မာ့လေကြောင်းလိုင်း MAIက ပံ့ပိုးပေးထားသည်။ လာရောက်ဖျော်ဖြေမည့် အဆိုရှင်များတွင် ဇော်ဝမ်း၊ မျိုးကျော့မြိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ရဲလေး၊ ရှင်ဖုန်းနှင့် ဖြူဖြူကျော်သိန်းတို့ ပါဝင်ပြီး အတီးပိုင်းကို ဥက္ကဦးသာ၏ Plus Threeတီးဝိုင်းနှင့် DJဖြိုးတို့က ဆောင်ရွက်ပေးမည်ဟု ဆိုသည်။ ထို့အပြင် စင်္ကာပူနိုင်ငံနေ မြန်မာအမျိုးသမီးများ၏ အကဖျော်ဖြေမှုဖြင့်လည်း မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်သွားရန် စီစဉ်ထားသေးသည်။ မူလက အခမ်းအနားတက်ရောက်ခွင့်အတွက် အခမဲ့ဆောင်ရွက်ပေးသွားရန် စဉ်းစားခဲ့သော်လည်း လူဦးရေအမြောက်အမြား လာရောက်ကြသည့်အခါ ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးဆိုင်ရာ အခြေအနေများအား ထည့်သွင်းစဉ်းစားပြီး လူဦးရေ (၁၀၀၀၀)မှ (၂၀၀၀၀)၀န်းကျင်မျှ ကန့်သတ်နိုင်ရန် ၀င်ကြေးကို စင်္ကာပူ(၁၅)ဒေါ်လာ သတ်မှတ်လိုက်ကြောင်းလည်း သိရှိရသည်။ MBAနှင့် မြန်မာကလပ်သည် စင်္ကာပူရောက် မြန်မာအသိုင်းအ၀ိုင်းအတွက် အလားတူပွဲမျိုးများ ပိုမိုပြုလုပ် ကျင်းပပေးသွားရန် ရည်ရွယ်ထားကြသည်။ သင်္ကြန်ပွဲတော် လက်မှတ်များကို စင်ကာပူနိုင်ငံရှိ အောက်ပါလိပ်စာတို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

1. Heart Music, #02-61 Peninsula Plaza (P.P)
2. Taw Winn, #03-61 Peninsula Plaza
3. Aung Chan Thar, #03-64 Peninsula Plaza
4. Mahar Travel & Tour, #04-40 Peninsula Plaza
5. Nan Htike Kyal, #04-61 Peninsula Plaza
6. Htet Oo , #05-16 Peninsula Plaza
7. Daw Than Than Nu, #05-50, #05-20/21 Peninsula Plaza
8. Global Subway #05-65A and other shops in P.P
9. Shwe Ta Ra Phu/ Kay #02-104 Boonlay Shopping Centre
10. Kaung Sone ,Blk 328 Clementi Ave 2 #01-200
11. Sabe, Blk 364 Clementi Ave 2 #01-475
12. Burmese House, 7 Toh Guan Road East
Write Comments 857 hits - Posted by Planet Admin on 08, April 2009
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.