Guest. It's 05:11 PM - Myanmar time. Register or Login | Download Myanmar Font 
 
  This Week Movie Review
အမေနှင့်သမီးများ

လူပျိုကြီး သစ်တောအရာရှိ ဦးဝေလင်း ပဲခူးတိုင်း သစ်တောကြိုးဝိုင်းများကို လှည့်လည်စစ်ဆေးရင်း သူနေထိုင်ခဲ့ဘူးသော မော်လမြိုင်မြို့ကလေးသသို့ ပြန်လည်ရောက်ရှိသွားရာမှ အတိတ်ကာလကိုပြန်လည်သတိရ အမှတ်ရနေသည်။ မော်လမြိုင်ဆွမ်းအိုးမျှောပွဲကျင်းပချိန်ဝယ်… ဆွမ်းအိုးမျှောသော မယဉ်သန့် ကို ကိုဝေလင်း အမှတ်မထင်တွေ့ခဲ့သည်။ အမှတ်မထင် တွေ့ခဲ့သော မိန်းကလေးကို ကိုဝေလင်း စုံစမ်းခဲ့သည်။ ဝေလင်းတက္ကသိုလ်ရောက်တော့ ညီမ နီနီလွင်ကြောင့် တိတ်တခိုးစွဲလမ်းခဲ့သော မိန်းကလေး (မယဉ်သန့်)နှင့်ပြန်လည်ဆုံဆည်းခွင့်ရခဲ့သည်။ ကိုဝေလင်းတစ်ယောက် ဒီတစ်ခါ မယဉ်သန့်အပေါ်စွဲလမ်းနေတဲ့ သူ့အချစ်စိတ်ကို ဖွင့်ပြောခဲ့သည်။ မော်လမြိုင် ဆွမ်းမျှောသောညမှာ မယဉ်သန့် ဝေလင်းကို ချစ်တုန့်ပြန်ခဲ့သည်။ ဝေလင်း၏မိခင်ကလည်း မယဉ်သန့်ကို သဘောကျကြည်ဖြူခဲ့သည်။

စာမေးပွဲဖြေခါနီးတွင် မယဉ်သန့် အစ်မဖြစ်သူ မယဉ်ခန့် ဆုံးသွားသည်။ ဓျာပနအတွက် မယဉ်သန့် မြို့သို့ ပြန်သွားသည်။ စာမေးပွဲဖြချိန်အထိ မယဉ်သန့်ပြန်မလာတော့။ စာမေးပွဲအပြီးမယဉ်သန့် သူ့ပစ္စည်းများသိမ်းဖို့ ရောက်လာသည်။ ဝေလင်းက အတင်းတွေ့ခွင့်တောင်းရာ မယဉ်သန့်က ဝေလင်းကိုမချစ်နိုင်တော့ကြောင်း၊ အခြားတစ်ဦးနှင့်လက်ထပ်လိုက်ပြီဖြစ်ကြောင်း ပြော၍ လမ်းခွဲခဲ့သည်။

၁၆နှစ်ကာလ ကြာမြင့်ခဲ့ပေသည်။ ကိုဝေလင်းနှင့် မယဉ်သန့်တို့ ရန်ကုန်တွင်ပြန်ဆုံကြသည်။ မယဉ်သန့်မှာ သမီးလေးယောက်နဲ့အတူနေကြောင်း၊ ခင်ပွန်းဖြစ်သူကလည်း ဆုံးပါးသွားခဲ့သည်။

၎နှစ်အရွယ်တူမလေးသက်မာရဲ့ ရှေ့ရေးနှင့် မိခင်၏ ဆန္ဒကိုဖြည့်ဆည်းပေးကာ အချစ်ကိုစတေးခဲ့ရသော မယဉ်သန့် သည် ကိုမင်းမောင်နှင့်လက်ထပ်လိုက်ရပေမယ့်မချစ်၊ သားသမီး ၃ယောက်ရခဲ့သည်။ သားသမီးများမှာ မိန်းကလေးများချဉ်းသာဖြစ်သည်။ ကိုမင်းမောင်တစ်ယောက်ဆုံးပါးသွားပြီးနောက် မယဉ်သန့်မှာ သမီးလေးယောက်တာဝန်ကို ထမ်းခဲ့သည်။ သက်မာက ဆေးတက္ကသိုလ်ကျောင်းသူ၊ မယဉ်သန့်၏သမီးကြီး တူးမာက ဆယ်တန်း၊သမီးအလတ် သီတာ ၁၄နှစ်အရွယ်၊ ကမီးငယ်က ၁၂နှစ်အရွယ်၊ငါးတန်းဖြစ်သည်။ သမီးတို့က မယဉ်သန့်၏ကမ္ဘာဖြစ်သည်။ သမီးများနှင့်ရုပ်ရှင်ကြည့်ပြီးဆိုလျှင် အရပ်ထဲက “ ညီအမများ”ဟု ကင်းပွန်းတပ်ခေါ်ဝေါ်ကြသည်။ ကိုဝေလင်းသည် မယဉ်သန့်ကိုတွေ့လို၍ အလည်အပတ်ရောက်လာသည်။ မယဉ်သန့်သမီးများနှင့်တွေ့ဆုံကာ ပျော်ရွှင်သောမိသားစုသဖွယ် စည်းကာစိုပြေသာယာလှပခဲ့သည်။

ကိုဝေလင်းအမေသည် မယဉ်သန့်၏မုဆိုးမဘ၀ကိုကြည့်ပြီးသနားသည်။ သို့သော် သူ့သားအတွက် စိုးရိမ်သွားလေသည်။ ကိုဝေလင်းနှင့် မယဉ်သန့်တို့၏ ဆက်ဆံရေးကို သမီးများ ရိပ်စားမိလာသည်။ ကိုဝေလင်းမှာ မယဉ်သန့်၏ ငယ်ရည်စားဖြစ်ကြောင်း သိခဲ့ကြသည်။ သက်မာနှင့် တူးမာ အ၀တ်အစားကိစ္စ စကားများကြရင်းမှ သက်မာတွင် ရည်းစားရှိကြောင်း မယဉ်သန့်သိခဲ့သည်။ မိမိအရေးထက် သမီးအရေးကို စိတ်ပူရပြန်သည်။ ကိုဝေလင်းက မယဉ်သန့်အား လက်ထပ်ခွင့်ခဲ့သည်။ သမီးများ၏ဆန္ဒကို မယဉ်သန့် တောင်းခံခဲ့သည်။ အားလုံးက ဘာမှမဖြေပဲ မိခင်ရှေ့က ထွက်ခွာသွားကြသည်။

ကိုဝေလင်း၊သက်မာနှင့်ဆွေးနွေးသော်လည်းမအောင်မြင်၊ တူးမာနှင့် သိဂီတို့ကလည်း ညင်သာစွာဖြင့် ဆန့်ကျင်ကြသည်။ ကိုဝေလင်းနှင့်မယဉ်သန့် တို့မှာ အသဲနှလုံးကို ဦးစားပေးရမည့် အရွယ်မဟုတ်တော့သည့်အခါမှ ပြန်လည်တွေ့ကြပေမယ့် အချစ်ဦးများဖြစ်သည့်မို့ သံယောဇဉ်မကုန်ကြ၊ သို့သော် ပတ်ဝန်းကျင်နှင့်ယှဉ်ပြိုင်ရသည်မှာ မလွယ်ကူလှပေ။

သို့သော်နောက်ဆုံးတွင် မယဉ်သန့်က ကိုဝေလင်းနှင့်ချစ်ခဲ့စဉ်ကလိုပင် သမီးများ၏သဘောထားများကိုငဲ့ကွက်ကာ ကိုဝေလင်းကိုလက်မထပ်နိုင်ကြောင်း ဆုံးဖြတ်ကာ ဖုန်းဆက်ပြောဆိုသည်။ ကိုဝေလင်းကလည်း မယဉ်သန့်အတွက် နောက်ဆုံးစာကိုရေးပေးခဲ့သည်။

ဖုန်းဆက်ပြန်လာသော မယဉ်သန့် သက်မာနှင့်သူ့ချစ်သူကောင်လေးကိုတွေ့လိုက်ရာမှ…



“ဗုဒ္ဓမြတ်စွာ မဟာဘုရင် သခင်ယောက်ျား ဆိုသူများကိုမွေးဖွားသူမှာ မိန်းသားသာတည့်”ဟူသော စာဖွဲ့လေးဖြင့် မိခင်မေတ္တာကို အလေးထား တင်ပြထားသော “အမေနှင့်သမီးများ”ဇာတ်ကားမှာ မောင်သိန်းဆိုင်ဝတ္တု ဇာတ်လမ်းဖြစ်ပြီး၊ဖြိုးနဲ့မင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်ကာ လူငယ်ဒါရိုက်တာ ဓာတ်ပုံအဏ်ထော်ဏီရဲ့ လက်ရာကောင်းဇာတ်ကားဖြစ်ပါတယ်။ ကိုဝေလင်းအဖြစ် ရန်အောင်၊ မယဉ်သန့် အဖြစ် စိုးမြတ်သူဇာ၊ မယဉ်ခန့် အဖြစ် မေသဉ္ဖာဦး၊ကိုမင်းမောင်အဖြစ် ရဲအောင်၊ သက်မာအဖြစ် ခိုင်သင်းကြည်၊ တူးမာအဖြစ် သက်မွန်မြင့်နှင့် စန္ဓီမြင့်လွင်၊ဇာဇာမင်းထက်၊ ဦးအောင်လွင်၊ မေတ္တာ၊မန်းဝင်း၊ငြိမ်းချမ်း စသည့် ရုပ်ရှင်အနုပညာရှင်ပေါင်းများစွာ စုပေါင်း အားထုတ်ကြိုးပမ်းထားသော ဇာတ်ကားကြီးတစ်ကားဖြစ်သည်။








Movie Info
၁၈၊၅၊၂၀၀၇ ရုံတင်မည်။
 
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.