Guest. It's 11:51 PM - Myanmar time. Register or Login | Download Myanmar Font 
 
  This Week Movie Review
အချစ်က လန်းတယ်

လူပျိုကြီးကိုကြံကောင်း ၊ အပျိုကြီး ဒေါ်မျိုးမမ တို့ကို အခြေံခံရိုက်ကူးထားသော ဟာသဇာတ်လမ်း ဖြစ်သည်။ သမားရိုးကျဇာတ်လမ်းဟု သတ်မှတ်လျှင်လည်း ရသည်။ သို့သော် သမားရိုးကျမဆန်သော သရုပ်ဆောင်များ၏ သရုပ်ဆောင်ကွက်များကြောင့် အချစ်ကလန်းတယ် ဆိုသော ဇာတ်ကားသည် ပရိသတ်တို့ တန်းတန်းစွဲအားပေးကြသောဇာတ်လမ်းကောင်းတစ်ခုဖြစ်လာခဲ့သည်။ ညီမ ၃ယောက်နှင့် တူသုံးယောက် ပိုင်ရှင်နှစ်ယောက်တို့၏ အသက်ကြီးမှ ဝက်သက်ပေါက်သော ဇာတ်လမ်းမျိုးဖြစ်ပြီး အဒေါ်အပျိုကြီးကို အစွံထုတ်ရင်း အသီးသီးချစ်သူရခဲ့ကြသော တူ (၃)ယောက်အဖြစ် မင်းမော်ကွန်း၊ ထွန်းထွန်း၊ မိုးအောင်ရင် တို့မှ ပါဝင်သရုပ်ဆောင်ထားသည်။ ဒေါ်မျိုးမမ ၏ တူ (၃) ယောက်လုံးနှင့် ချစ်ကြိုက်မိသည့် ညီအစ်မ (၃) ယောက်အဖြစ် သက်မွန်မြင့် ၊ မယ်လိုဒီ ၊ စိုးပြည့်သဇင် တို့မှ သရုပ်ဆောင်ထားသည်။ လူငယ်ကြိုက် ဟာသဇာတ်လမ်းဖြစ်ပြီး ၀တ္ထု ခင်ဦးခင်ခင် ၊ ဇာတ်ညွှန်း လွင်မင်းအံ့ တို့မှ ပြုလုပ်ပေးထားပြီး အဓိက သရုပ်ဆောင်များဖြစ်သည့် လူပျိုကြီး ကိုကြံကောင်းအဖြစ် ခန့်စည်သူနှင့် အပျိုကြီး ဒေါ်မျိုးမမ အဖြစ် စိုးမြတ်သူဇာတို့မှ အကောင်းဆုံး သရုပ်ဆောင်ထားကာ ဒါရိုက်တာ ညီညီထွန်းလွင် မှ ရိုက်ကူးတင်ဆက်ထားကြောင်း သိရှိရပါသည်။

Movie Info
ရုပ်ရှင်ဇာတ်ကားအမည် - အချစ်ကလန်းတယ်
ဒါရိုက်တာ - ညီညီထွန်းလွင်
သရုပ်ဆောင် - ခန့်စည်သူ၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ မိုးအောင်ရင် ၊ စိုးမြတ်သူဇာ၊ သက်မွန်မြင့် ၊ မယ်လိုဒီ ၊ စိုးပြည့်သဇင်
 
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.