Guest. It's 04:35 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
Photo Gallery Guide Blog Song News Joke
Page: 1 2

လူတစ်ဦး ကားတိုက်ခံရပြီး ဆေးရုံသို့ ရောက်လာသည်။ သတင်းကြားသဖြင့် ဆေးရုံသို့ လိုက်လာသော ၄င်း၏ဇနီးက ၀မ်းသာအားရပြောသည်။

“မောင်ရယ်၊ ကံကောင်းလိုက်တာနော်။ မနေ့ကပဲ မောင် မတော်တဆမှုအတွက် အာမခံ လုပ်ထားလိုက်တယ်။ ဟော … ဒီနေ့ပဲ ကားတိုက်ခံရပြီ”

Uploaded by Planet Admin on 05, November 2008

အိမ်ထောင်ကျပြီးကာစ အမျိုးသမီးငယ်တစ်ဦးက သူငယ်ချင်းများထံ ရင်ဖွင့်သည်။
“ငါ့ယောက်ျားက လူတော်၊ လူအေးပါဟာ။ အသောက်အစားလဲ ဘာမှမရှိဘူး။ ငါ့ကိုလဲ ချစ်ရှာပါတယ်။ ဒါပေမယ့် သူ့အမေကို အရမ်းချစ်တာ ပြဿနာလို့ ပြောရမှာပဲ။ သူ့အမေကို ချစ်တာကို ငါနားလည်ပါတယ်။ ဒါပေမယ့် နေရာတကာ မေမေဆိုရင် ဒီလိုမလုပ်ဘူး။ မေမေက ဒီမုန့် သိပ်ကြိုက်တာ။ မေမေရှိရင် ကောင်းမှာပဲ ဆိုတာတွေ ဆက်တိုက်ပြောနေတော့ ဘယ်လိုလုပ်မလဲ။ ငါက သူ့

Uploaded by Planet Admin on 05, November 2008

သူငယ်ချင်းနှစ်ယောက် အရက်သောက်ရင်း စကားပြောနေကြသည်။ တစ်ယောက်ကပြောသည်။
“တော်ပြီကွာ။ ငါခုတလော လျှော့သောက်နေတယ်”

အံ့သြသွားသော အခြားသူငယ်ချင်းက အကြောင်းရင်းကိုမေးရာ ပထမတစ်ယောက်က ပြန်ဖြေသည်။
“တလောကကွာ။ ငါအပြင်မှာ သောက်တာ တော်တော်များသွားတယ်။ အဲဒါ အိမ်လဲပြန်ရောက်ရော တံခါးဖွင့်ပေးတဲ့ ငါ့မိန်းမက နှစ်ယောက်ဖြစ်နေတယ်လို့ ငါ့မျက်လုံးထဲမှာ မြင်လိုက်ရတယ်။ နောက်တစ

Uploaded by Planet Admin on 05, November 2008

ဆရာဝန်တစ်ယောက် လက်ထပ်လိုက်သည်။ နှစ်ရက်အကြာတွင် သူငယ်ချင်း ဆရာဝန်တွေက ဖုန်းလှမ်းဆက်သည်။
“ဟေ့ကောင် … ပိုကာဒေါင်းမယ်။ မြန်မြန်လာခဲ့။ ဒီမှာ တစ်အိမ်လိုနေလို့”

ဆရာဝန်က အရေးပေါ် ခွဲစိတ်မှုတစ်ခုအတွက် ဆေးရုံမှ ဖုန်းဆက်ကြောင်း ဇနီးသည်အားပြောသည်။ အလောတကြီး အ၀တ်အစားလဲနေသော ယောက်ျားကိုကြည့်ရင်း ဇနီးဖြစ်သူကမေးသည်။
“ဟိုမှာ တော်တော်လေး အရေးကြီးနေလို့လား မောင်

Uploaded by Planet Admin on 05, November 2008

အိမ်ထောင်သက် (၁)လလောက်ရှိပြီဖြစ်သော သူမတို့ သူငယ်ချင်းကို မိန်းကလေးများ ၀ိုင်းမေးကြသည်။
“ဟဲ့ နင့်ယောက်ျားအကြောင်း ပြောပြစမ်းပါ”

မိန်းကလေးကဖြေသည်။
“ငါ့ယောက်ျားက နေလို ယောက်ျားဟ”

သူငယ်ချင်းများက ၀ိုင်းပြောသည်။
“တယ်လဲ ကောင်းတဲ့ ဥပမာပါလား။ နင့်ယောက်ျားက နေမင်းကြီးလို ကြီးကျယ် မြင့်မြတ်တယ်လို့ ပြောချင်တာပေါ့”

Uploaded by Planet Admin on 05, November 2008

လက်ထပ်ပြီး သုံးလခန့်အကြာတွင်ဖြစ်သည်။ အလုပ်မှပြန်လာသော ယောက်ျားအား မိန်းမလုပ်သူက အိမ်ပေါက်ဝတွင် ထွက်ကြိုပြီး ပြောသည်။
“မောင် လောလောဆယ် နှစ်ယောက်ပဲ နေတဲ့ကျွန်မတို့ အိမ်လေးမှာ မကြာခင် သုံးယောက် ဖြစ်လာတော့မယ်”

ယောက်ျားဖြစ်သူ၏ မျက်နှာမှာ နူးညံ့ဝင်းထိန်သွားသည်။ ဇနီးသည်အား တယုတယ ပွေ့ဖက်လိုက်ရင်း ကောင်းတာပေါ့ကွာလို့ တိုးတိုးလေး ပြောသည်။ ဇနီးသည်က ၀မ်းသာအားရ ပြောသည်။

Uploaded by Planet Admin on 05, November 2008

သင်္ဘောတစ်စင်း မုန်တိုင်းမိပြီး နစ်မြုပ်သွားသည်။ လူတစ်ဦးမှာ ပျဉ်ချပ်တစ်ချပ်တွင် တွယ်ပြီး ပင်လယ်ထဲတွင် တစ်ရက်ကျော်ကြာအောင် မျောနေလေတော့သည်။ သို့သော်လည်း ကံကောင်းထောက်မပြီး ရေစီးကြောင်းက သူ့အား ကျွန်းတစ်ကျွန်းသို့ သယ်ဆောင်သွားသည်။ ထိုလူ ကမ်းပေါ်သို့ ဒယိမ်းဒယိုင် တက်လာချိန်တွင် သင်္ဘောနစ်စဉ်က ၄င်းနှင့် လူချင်းကွဲသွားသည့် ဇနီးဖြစ်သူကို တွေ့လိုက်ရသည်။ ခါးထောက်ပြီး ရပ်စောင့်နေသော ဇနီးဖြစ်သူက ၄င်းဘာမှမပြေ

Uploaded by Planet Admin on 05, November 2008

လက်ထပ်ပြီးစ ပုဂ္ဂိုလ်တစ်ဦး ထီပေါက်သည်။ သူငယ်ချင်းဖြစ်သူက ၄င်း ကံကောင်းကြောင်း ချီးကျူးသည်။ ထို့နောက် သူငယ်ချင်းက မေးသည်။
“ဒါနဲ့ ထီပေါက်တာသိတော့ မင်းမိန်းမ ဘာပြောသေးလဲ”

ထီပေါက်သူက ဖြေသည်။
“ဟင့်အင်း … ၀မ်းသာလွန်းလို့ ဆွံ့သွားလိုက်တာ ခုထိ စကားမပြောနိုင်သေးဘူး”

သူငယ်ချင်းက ပြောသည်။
“ကြည့်စမ်း၊ ကြည့်စမ်း …

Uploaded by Planet Admin on 05, November 2008

အိမ်ထောင်ကျပြီး တစ်နှစ်အကြာ - ယောက်ျားက ပြောသည်။ မိန်းမက နားထောင်သည်။
အိမ်ထောင်ကျပြီး နှစ်နှစ်အကြာ - မိန်းမကပြောသည်။ ယောက်ျားက နားထောင်သည်။
အိမ်ထောင်ကျပြီး သုံးနှစ်အကြာ - နှစ်ယောက်စလုံး ပြောသည်။ အိမ်နီးချင်းများက နားထောင်သည်။

Uploaded by Planet Admin on 05, November 2008

လက်ထပ်တော့မည့် ချစ်သူနှစ်ဦး စကားပြောနေကြသည်။ ကောင်မလေးက ကောင်လေးအား လှမ်းပြောသည်။
“မောင် လက်ထပ်ပြီးရင်လည်း ခင့်ကို အခုထက်ပိုပြီး ချစ်ရမယ်နော်”

ကောင်လေးက ချက်ချင်း ကတိပေးသည်။
“စိတ်ချပါ ခင်ရယ်။ မောင်က နဂိုကတည်းက အိမ်ထောင်ရှိတဲ့ မိန်းကလေးတွေကို ပိုပြီး သဘောကျပါတယ်

Uploaded by Planet Admin on 05, November 2008

မိဘချင်း သဘောတူထားပြီး မကြာမီ လက်ထပ်တော့မည့် စုံတွဲတစ်တွဲ အပြင်ထွက်လည်ကြသည်။ နေ့လည်ပိုင်းတွင် စားသောက်ဆိုင်တစ်ဆိုင်၌ ၀င်ထိုင်ကြရင်း အမျိုးသားကမေးသည်။
“ခင်ဗျား အရင်က ထားခဲ့ဖူးတဲ့ ရည်းစာတွေအကြောင်း ပြောပြပါလား”

အမျိုးသမီးက ပြန်ဖြေသည်။
“ဒီနေ့တော့ မပြောပြနိုင်ဘူး။ မေမေတို့ကို ဒီနေ့ မိုးမချုပ်ခင် ပြန်လာမယ်လို့ ကတိပေးထားတယ်ရှင့်”

Uploaded by Planet Admin on 05, November 2008

လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။ ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။

အပြင်တွင် ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။ ပြီးတော့ အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။
“ကျုပ်က လူသတ်သမားပဲ။ မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်”

ယောက်ျားဖြစ်သူက ထိုလူအား ဘာမှပြန်မပြောတေ

Uploaded by Planet Admin on 05, November 2008

မိသားစု(၃)ယောက် ညစာတူတူ စားနေကြသည်။ သားငယ်က အဖေအား လှမ်းမေးသည်။
“ဖေဖေ မေမေ့ကို ဘာလို့ လက်ထပ်ခဲ့တာလဲ ဟင်”

ယောက်ျားလုပ်သူက မိန်းမအား လှည့်ပြောသည်။
“တွေ့လား … ငါ့လုပ်ရပ်ကို ကလေးတောင် နားမလည်ဘူး”

Uploaded by Planet Admin on 05, November 2008

မိဘနှစ်ပါး မင်္ဂလာဆောင်တုန်းက ရေခဲမုန့် အပြန်အလှန် ခွံ့နေကြသော ဓာတ်ပုံတွေကိုကြည့်ပြီး (၅)နှစ်အရွယ် သားငယ်က မကျေမနပ် မေးသည်။
“အဲဒီတုန်းက သားကို ဘာလို့ ရေခဲမုန့် ခေါ်မကျွေးတာလဲ”

Uploaded by Planet Admin on 05, November 2008

အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ တတွတ်တွတ်ပြောနေသည်။ ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း မရိပ်မိချေ။
“မောင် … ခင့်ကို ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး လှလွန်းလို့လား။ ဒါမှမဟုတ် ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။ အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့ စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။ အဲ … ဒါမှမဟုတ် …”

Uploaded by Planet Admin on 05, November 2008
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.