Guest. It's 01:58 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
Photo Gallery Guide Blog Song News Joke

မင်္ဂလာနေရာအတွက် ဈေးနှုန်းလေးတွေနဲ့ ကျင်းပပြုလုပ်မယ့်နေရာကို သေသေချာချာတွေးချင်သူများအတွက်ပါ။ Hotel များတွင်ပြုလုပ်ချင်သူများ အတွက်ပါ။ တစ်ဦးလျှင် $ 5, $ 6,$ 7 ဟူ၍သုံးမျိုး သုံးစားရှိပါသည်။ ဈေးနှုန်းကွာခြားချက်များမှာ ပါဝင်သည့် အစားအစာပေါ်မူတည်၍ ကွာခြားချက်ရှိကြောင်းသိရပါသည်။ Set Menu အနေဖြင့်တရုတ်အစားအစာ၊ မြန်မာ၊ ထိုင်း နှင့် အနောက်တိုင်းအစားအစာများ ကိုမှာယူရရှိနိုင်ပြီး $ 6,$ 7 ဖြင့် ပရိသတ် နှင့် မှာယူသူများပေါ်တွင်မူတည်၍ ပျားရည်ဆမ်းလက်ဆောင်အဖြစ် ဟိုတယ်တွင် ၂ညအိပ် ၃ရက်ခရီး အနားယူခွင့်ပေးသွား

သတို့သမီးလေးတွေအတွက် လှပဆန်းသစ်ရင်ခုန်မှုတွေ အပြည့်အ၀ဖန်တီးပေးမယ့် အလှဖန်တီးရှင်တွေနဲ့ မိတ်ဆက်ပေးပါမယ်။ မကြီင်္းစန်းလို့ ချစ်စနိုးခေါ်တတ်ကြတဲ့ မိတ်ကပ်ခင်စန်းဝင်း ဆီမှာ ပြင်မယ်ဆိုရင်တော့ ကျပ် ၃၀,၀၀၀ ပေးရမှာဖြစ်ပါတယ်။ ဟိုတယ်ထိလိုက်လံပြင်ရမယ်ဆိုရင်တော့ ကျပ် ၅၀,၀၀၀ ထိယူပါတယ်။ မကြီးစန်းကတော့ အိမ်တွေမှာ လိုက်လံပြင်ဆင်ပေးခြင်း မရှိဘူးလို့သိရပါတယ်။ မိတ်ကပ်အောင်အောင်(တောင်ကြီး) နဲ့ပြင်မယ်ဆိုရင်တော့ ကျပ် ၄၀,၀၀၀ ပေးရတယ်လို့သိရပါတယ်။ ဟိုတယ်တွေမှာ လိုက်လံပြင်ဆင်မယ်ဆိုရင်တော့ ကျပ် ၈၀,၀၀၀ ပေးရမှာဖြစ်ပါတယ်။ မိ

သတို့သမီးလေးများရဲ့ လှပတင့်တယ်မှုကို များစွာအထောက်အကူပေးနိုင်သော ကျောက်မျက်ရတနာဆင်ယင်ထုံးဖွဲ့မှု အတွက် ပစ္စည်းများ ငှားရမ်းမည်ဆိုပါက ဈေးနှုန်းတွေဘယ်လောက်ရှိတယ်။ ဘယ်လောက်ကုန်ကျနိုင်တယ်ဆိုတာလေးကို ဖော်ပြပေးသွားပါမယ်။ ငှားရမ်းမှုစရိတ်တွေကတော့ အနိမ့်ဆုံး ရတနာတစ်ဆက်လျှင် မြန်မာငွေကျပ် ၇၅၀၀ မှ ၅၀,၀၀၀ အထိပေးရနိုင်ပါတယ်။ ဆွဲကြိုးတစ်ကုံးသီးသန့်ငှားရမ်းချင်တယ်ဆိုရင်တော့ မြန်မာငွေကျပ် ၃၀၀၀ မှ ၂၅,၀၀၀ အထိရှိနိုင်ပါတယ်။ လက်ကောက်၊ လက်စွပ်၊ နားကပ်တစ်မျိုးလျှင် တစ်ထောင်ကျပ်မှ ငါးထောင်ဝန်းကျင်ခန့်ထိ ရှိကြောင်းသိရပ

မြန်မာ့ရိုးရာ သတို့သမီးဝတ်ထိုင်မသိမ်း ၀တ်စုံတစ်စုံလျှင် ရင်ခံအကျီင်္၊ ပ၀ါ အပါအ၀င်ကို သုံးသိန်းဝန်းကျင် ပေးရကြောင်း သိရသည်။မြန်မာရိုးရာ သတို့သားဝတ်စုံတစ်စုံလျှင် ခေါင်းပေါင်းရင်ဖုံး နှင့် တောင်ရှည်အပါအ၀င် မြန်မာကျပ်ငွေ ငါးသောင်းမှ သုံးသိန်းဝန်းကျင်ထိ ပေးရနိုင်ကြောင်းသိရပါသည်။ အနောက်တိုင်းသတို့သမီး ၀တ်စုံတစ်စုံလျှင် မြန်မာကျပ်ငွေ တစ်သိန်းခွဲ ၀န်းကျင်နှင့် အနောက်တိုင်း သတို့သားဝတ်စုံ တစ်စုံလျှင် တစ်သိန်းကျပ်ခန့် ပေးရနိုင်သည်ဟု စုံစမ်းသိရှိရပါသည်။

မင်္ဂလာသြဘာဖတ်ကြားသူများအား ငှားရမ်းရန်လိုအပ်နေသူများ လေ့လာချင်သူများ ပါဝင်စေချင်သူများအတွက် အခါတော်ပေးငှားရမ်းမှုဈေးနှုန်းများမှာ ကျပ် ၃၀,၀၀၀ နှင့် အထက်ဖြစ်နိုင်ကြောင်းသိရသည်။ မင်္ဂလာနေရာပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ကြောင်းသိရပါသည်။

ဦးသိန်းလှမော်၊ ဦးကျော်စိုးဦး၊ မြရတနာမိုး ၊ ဦးစိန်လွင်လေး၊ သိန်းမြင့်သန်း၊ မလှိုင်လှိုင်ဝင်း၊ ချိုချိုလွင် စသည်ဖြင့် အမျိုးမျိုးရှိပြီး အတိအကျနေရပ်လိပ်စာနှင့် တက်သွယ်ရန်ဖုန်းများ သိရှိလိုပါက Wedding Guide တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ကားအလှဆင်ခြင်းလုပ်ငန်းကို များသောအားဖြင့် ပန်းအလှပြုပြင်ဆိုင်များနှင့် အလှပြင်ဆိုင်များမှ အများဆုံးပြု လုပ်ကြသည်။ အနည်းဆုံး ဈေးနှုန်း ကျပ် ၁၀,၀၀၀ ၀န်းကျင်မှ ကျပ် ၂၀,၀၀၀ အထိရှိနိုင်ပြီး ဟိုတယ်များတွင် ဆောင်သူများအနေဖြင့် ဟိုတယ်မှ ၀န်ဆောင်မှုတစ်ခုအနေဖြင့် ပြုလုပ်ပေးလေ့ရှိပါသည်။ မင်္ဂလာကားငှားရမ်းလိုသူများအနေဖြင့် စူပါဆလွန်း၊ မတ်တူး ကဲ့သို့သော ကားကောင်းကားသစ်များကို တစ်နာရီ ကျပ် ၄၅၀၀ မှ ကျပ် ၈၅၀၀ ထိရှိကြောင်းသိရသည်။ အများဆုံး ငှားရမ်းနိုင်သည့်နာရီမှာ (၅) နာရီဖြစ်ပါသည်။ ဟိုတယ်ကြီးများတွင် မင်္ဂလာဆောင

မင်္ဂလာပွဲတွင် သတို့သမီးများ ပန်းအလှပြုပြင်ရာတွင် တာရှည်ခဲသစ်ခွပန်းများကို အများဆုံး ပန်ဆင်လေ့ရှိရာ ယခုကဲ့သို့ ၀ါကျွတ်အချိန်အခါများတွင်
သစ်ခွဈေးနှုန်းများ မြင့်တက်လာမှုရှိကြောင်းသိရသည်။ သစ်ခွအမျိုးအစားများတွင် ကယ်တလီယာ၊ ဗန်ဒါ၊ ဒိုင်ဒရိုဗီယမ် စသည့် မျိုးစိတ်များမှာ ၀ယ်ယူပန်ဆင်သူများပြား၍
မင်္ဂလာနေ့ရက်မရောက်ခင် အရောင်များစိတ်ကြိုက်ကြိုတင်မှာယူရလေ့ရှိကြောင်း သိရပါသည်။ သစ်ခွဈေးနှုန်းများမှာ အမျိုးအစား၊ အပွင့်အရွယ်အစား နှင့် ရှားပါးမှုပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲ ကွာခြားမှုရှိကြောင်းသိရသ

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.