Guest. It's 03:59 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
Photo Gallery Guide Blog Song News Joke
မင်္ဂလာနေရာတစ်ခု အကောင်းဆုံး ရွေးနိုင်ဖို့အတွက်….
Posted on Nov 05 08 - 12:00 AM | Hits : 1043

မင်္ဂလာနေရာအတွက် ဈေးနှုန်းလေးတွေနဲ့ ကျင်းပပြုလုပ်မယ့်နေရာကို သေသေချာချာတွေးချင်သူများအတွက်ပါ။ ParkRoyal Hotel တွင်ပြုလုပ်ချင်သူများ အတွက်ပါ။ တစ်ဦးလျှင် $ 5, $ 6,$ 7 ဟူ၍သုံးမျိုး သုံးစားရှိပါသည်။ ဈေးနှုန်းကွာခြားချက်များမှာ ပါဝင်သည့် အစားအစာပေါ်မူတည်၍ ကွာခြားချက်ရှိကြောင်းသိရပါသည်။ Set Menu အနေဖြင့်တရုတ်အစားအစာ၊ မြန်မာ၊ ထိုင်း နှင့် အနောက်တိုင်းအစားအစာများ ကိုမှာယူရရှိနိုင်ပြီး  $ 6,$ 7 ဖြင့် ပရိသတ် ၃၀၀ နှင့်အထက်မှာယူသူများကို ပျားရည်ဆမ်းလက်ဆောင်အဖြစ် ဟိုတယ်တွင် ၂ညအိပ် ၃ရက်ခရီး အနားယူခွင့်ပေးမည်ဟု သိရပါသည်။ ဟိုပန်းအလှပြင်ဆင်ခြင်း၊ ရေခဲပန်းပုအလှဆင်ခြင်း၊ မင်္ဂလာကိတ်မုန့်၊ မင်္ဂလာအပြင်အဆင် အပါအ၀င် ကားနှင့် အကြို (သို့) အပို့တစ်ကြောင်းစသည်တို့ကို လက်ဖွဲ့အဖြစ် ဟိုတယ်မှ ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရပါသည်။


Park Royal – Contact us ph – 951- 550388


*****//*****


နှစ်ပေါင်းများစွာ ဂုဏ်သိက္ခာများစွာဖြင့် ရပ်တည်နိုင်ခဲ့သော Strand Hotel တွင် မင်္ဂလာဆောင်မည်ဆိုပါက ခန်းမကြေးသီးသန့်ပေးသွင်းရန်မလိုပဲ အနည်းဆုံး လူ(၄၀၀)ဦး ဖိတ်ကြားရန်လိုအပ်ကြောင်းသိရသည်။ တစ်ဦးလျှင် $ 6, $ 7 ပေးရမည်ဖြစ်ပြီး စာတန်းချိတ်ရန်၊ စတိတ်စင်ပန်းအိုး အလှပြင်ခန်း ၂ ခန်းနှင့် နားမည်ကြီးအဆိုတော်များ ပါဝင်သည့် တီးဝိုင်းစသည်တို့ကို ယင်းနှုန်းများတွင် အပြီးသွင်းထားပြီးဖြစ်ကြောင်းသိရသည်။ $ 6 နှင့် $ 7 ကြားကွာခြားမှုမှာ မုန့် (၃)မျိုး နှင့် (၄) မျိုးသာကွာခြားပြီး ခန်းမသီးသန့်ငှားချင်သူများအတွက် လူ ၄၀၀ ဆန့်မည့်ခန်းမအတွက် ပေးသွင်းရမည့် ငွေမှာ $ 1800 မှာ $ 2000 ကြားရှိပြီး ပြင်ဆင်မှုပြုလုပ်ပေးမည့် ၀န်ထမ်း၊ ဧည့်ခံပစ္စည်းအစုံအလင်နှင့် တီးဝိုင်းပါ ပါဝင်ကြောင်း သိရပါသည်။


Strand Hotel - Contact us ph – 951- 243377


Summit Parkview Hotel တွင်မင်္ဂလာဆောင်လိုသူများအတွက်ကတော့ လူဦးရေ (၃၀၀)အများဆုံး ဖိတ်ကြားနိုင်သည်ဟု သိရသည်။ တစ်ဦးလျှင် ၂၀၀၈ ခုနစ်နောက်ဆုံးလအထိ (၃၈၀၀)ကျပ် ဖြင့်သတ်မှတ်ပေးထားပြီး ၂၀၀၉ ခုနစ်မှစတင်၍ ၄၀၀၀ ကျပ် ပေးရမည်ဖြစ်ကြောင်း သိရပါသည်။ ယင်းနှုန်းထားများတွင် လျှောက်လမ်းပန်းတိုင်၊ စတိတ်စင်ပန်း၊ မင်္ဂလာကိတ်၊ မင်္ဂလာမောင်နှံတစ်ညတာ တည်းခိုခွင့်တို့ပါဝင်ကြောင်း သိရသည်။


ဆက်သွယ်ရမည့် ဖုန်းနံပါတ်မှာ - Summit Parkview Hotel – 211888 , 211966 တို့ဖြစ်ပါသည်။


မြန်မာယဉ်ကျေးမှုနှင့် အညီ မင်္ဂလာပွဲပြုလုပ်ချင်သူများအတွက် မဟာသန္တိသုခ၊ နှင်းဆီကုန်းစသည့် ရိပ်သာများတွင် ခန်းမကြေး သီးသန့်ပေးသွင်းရပြီး အစားအသောက်ပေါ်မူတည်၍ တစ်ဦးလျှင် ကျပ် ၁၃၀၀ မှ ၃၅၀၀ ထိပေးရနိုင်ကြောင်း သိရပါသည်။ *********//***********

No record to display.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.