Guest. It's 05:19 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
Photo Gallery Guide Blog Song News Joke
ချစ်ခင်မြတ်နိုးမှုတို့ရဲ့ အခရာ….
Posted on Nov 05 08 - 12:00 AM | Hits : 475

မိမိရဲ့ အချစ်မြတ်နိုးဆုံးသော သတို့သမီးလေးကို မြတ်နိုးမှုရဲ့ ပြယုဂ်ကတော့ လက်ဝတ်ရတနာလက်ဆောင် ပေးခြင်းပဲ ဖြစ်ပါတယ်။ အရောင်တဖျက်ဖျက်လင်းလက်နေတဲ့ လက်ကလေးနှစ်ခုရဲ့ ယှက်သွယ်မှုကလည်း အတိုင်းအဆမရှိအောင် ကြည်နူးမှုတွေပေးပါတယ်။


ရင်ခုန်ခြင်းတွေပြည့်ဝနေတဲ့ သတို့သားက သူရဲ့ သတို့သမီးလေးကို လက်ဆောင်ပေးရာမှာတော့ စိန်နဲ့လုပ်ထားတဲ့ လက်စွပ်က အခရာကြပါတယ်။ စိန်ဆိုတာ ရတနာတို့ရဲ့ ဘုရင်ပါပဲ။ဒီတော့ သူရဲ့ မိဖုရားကိုချစ်သက်လက်ဆောင်ပေးရာမှာတော့ အမြင့်မြတ်ဆုံးအရာကိုရွေးချယ်တတ်ကြပါတယ်။



အမှန်စစ်စစ်မင်္ဂလာပွဲမှာ သတို့သမီးများက ရတနာအစစ်ကို ဆင်မြန်းမှု ဒီဘက်ခေတ်တွေမှာ ရှားပါးလာပါတယ်။ ခရစ်စတယ်နဲ့ပြုလုပ်ထားတဲ့ ရတနာတွေက အစစ်ထက်ပိုလှလာတဲ့ အားသာချက်ကြောင့်ပါပဲ။ လူထူထူမှာ အပျောက်အရှဖြစ်ခဲ့ရင်တောင် တန်ဖိုးမကြီးတော့ သက်တောင့်သက်သာရှိလှပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းခေတ်တွေမှာတော့ ခရစ်စတယ်ကျောက်တွေကိုသုံးစွဲမှု မြင့်မားလာတာပါပဲ။




ဘယ်လိုပဲအစားထိုးသုံးစွဲစွဲ လက်ထပ်လက်စွပ်ကိုတော့ တန်ဖိုးမြင့်မားတဲ့ စိန်ရတနာ အစစ်ကိုသုံးကြပါတယ်။ စိန်ကိုပေးတဲ့နေရာမှာလည်း တန်ခူးလဖွား သတို့သမီးတွေနဲ့ စနေနံဖွား သတို့သမီးလေးတွေအတွက် သာလွန်အောင် အကောင်းဆုံးပဲဖြစ်ပါတယ်။ သူတို့ရဲ့ အဆောင်ရတနာတစ်မျိုးဖြစ်နေတဲ့ အတွက်ကြောင့်ပါ။ နောက်တစ်မျိုး ၀တ်ဆင်တတ်ကြတာတော့ ပတ္တမြားပါပဲ။ စိန်ကို မနှစ်သက်တဲ့သူတွေတစ်ချို့ကတော့ စိန်အစားထိုး ပတ္တမြားကိုလည်း သုံးတတ်ကြပါတယ်။



လက်ထပ်လက်စွပ်ကို လက်သူကြွယ်မှာ စွပ်ပေးကြရတဲ့ အကြောင်းရင်းလေးလည်း ရှိပါတယ်။ ဘယ်ဘက်လက်သူကြွယ်ဟာ သွေးကြောမကြီးရဲ့စီးဆင်းရာလို့လဲ ဆိုပါတယ်။ အ၀ိုင်းဆိုတဲ့ အရာက အဆုံးအစ မဲ့တတ်တဲ့ သဘောရှိတဲ့ အတွက် လက်ထပ်လက်စွပ် ပေးခြင်းရာ အဆုံးအစမရှိချစ်မြတ်နိုးတယ်လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။

မြန်မာဝတ်စုံနဲ့ မင်္ဂလာပြုမယ့်သတို့သမီးလေးအတွက် ရတနာတွေကို မင်္ဂလာပွဲမှာ ဆင်မြန်းဖို့ အတွက် မိတ်ကပ်အလှပြင်တဲ့သူနဲ့လည်း ညှိနှိုင်းဖို့လိုပါတယ်။ အ၀တ်အစားအရောင်နဲ့ လိုက်ဖက်အောင် ဆင်မြန်းဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ အနာက်တိုင်းဝတ်စုံနဲ့ သတို့သမီးအတွက်ကတော့ အရမ်းရွေးချယ်ဖို့ မလိုပါဘူး။ အနောက်တိုင်းဝတ်စုံက ခပ်ပါးပါးရတနာတွေနဲ့သာ ၀တ်ဆင်ကြတာများတာမို့ မိမိဝတ်စုံ လည်တိုင်အနေအထားနဲ့ လိုက်ဖက်တာလေးကို ရွေးချယ်ဝတ်စုံရုံပါပဲ။




မင်္ဂလာလက်စွပ်ကို အကောင်းဆုံးရွေးချယ်ချင်တယ်ဆိုရင်တော့ နိုင်ငံခြားမှလာတဲ့ဒီဇိုင်းများကို အင်တာနက်မှလည်းကောင်း၊ အရောင်းဆိုင်များမှာရှိတဲ့ ကတ်တလော့ဂ်များတွင်လည်းကောင်း ကျွမ်းကျင်ပညာရှင်များနှင့် ကြိုတင်အပ်နှံ၍သော်လည်းကောင်း ပြုလုပ်နိုင်ပါသည်။ မိမိရဲ့ အိမ်သူသက်ထားလေးကို အဖိုးအတန်ဆုံး အမြင့်မြတ်ဆုံး လက်ဆောင်ပေးချင်တယ်ဆိုရင်တော့ အကောင်းဆုံးလေးတစ်ခု ရွေးချယ်ကြည့်လိုက်ပါဦး…..

No record to display.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.