တသက်မှာ တမင်္ဂလာဆိုတဲ့ စကားလေးရှိပါတယ်။ တခါသာကြုံရတဲ့ မင်္ဂလာပွဲလေးကို တစ်သက်စာအတွက် မှတ်တမ်းတင်ထားချင်တဲ့သူတွေ လိုအပ်တာလေးတွေပြောပြပေးပါမယ်။ မှတ်တမ်းတင်တယ်ဆိုတဲ့ အပိုင်းမှာ ရုပ်သေမှတ်တမ်းတင်ခြင်း၊ ရုပ်ရှင်မှတ်တမ်းတင်ခြင်းဆိုပြီး ၂ပိုင်းရှိပါတယ်။ ရုပ်သေဆိုတာကတော့ ဓါတ်ပုံမှတ်တမ်းတင်တာပါ။ ဘယ်လိုမင်္ဂလာမောင်နှံတွေပဲဖြစ်ဖြစ် မိမိရဲ့ မင်္ဂလာပွဲလေးကို မှတ်တမ်းမှတ်ရာ ပြုချင်ကြပါတယ်။
ဒီတော့ ဓါတ်ပုံဝါသနာအရ အမြဲရိုက်နေကြဆိုတဲ့သူတွေကတော့ ဒါကပြသနာမဟုတ်ပါဘူး။ မိမိဘယ်လိုအနေအထားနဲ့ လိုက်ဖက်တယ်။ လှပတယ်ဆိုတာ သူကသိပြီးသလောက်ဖြစ်နေပါပြီ။ လိုအပ်တဲ့နေရာ အနေအထား ၊ မိမိလိုချင်တဲ့ ပုံစံကိုညှိနှိုင်းလိုက်တာနဲ့ ဒါကအဆင်ပြေပြီးသားဖြစ်သွားပါပြီ။ ဒါပေမယ့် ရိုက်လေ့ရိုက်ထ မရှိတဲ့သူတွေအတွက်ကတော့ ကျွမ်းကျင်ဓါတ်ပုံဆရာနဲ့ မင်္ဂလာပွဲမျိုးကို ရိုက်နေကြသူနဲ့ တွဲမိဖို့ လိုအပ်ပါတယ်။ ဒါမှလည်း မိမိကပြောစရာမလိုပဲ အားလုံးအဆင်ပြေသွားနိုင်မှာဖြစ်ပါတယ်။
မင်္ဂလာပွဲနေ့မှာ ထူထူပူပူဖြစ်နေတဲ့ အိမ်သားတွေအနေနဲ့ကလည်း ဒီလိုကိစ္စလောက်ကအစ လိုက်ပြောနေဖို့လည်း ခက်ပါတယ်။ မင်္ဂလာပွဲ အစကနေ အဆုံးထိ ရိုက်ကူးမလား။ အခြေအနေအရပ်ရပ်နဲ့ အသေးစိတ်ညှိနှိုင်းဖို့ လိုအပ်ပါတယ်။
ရုပ်ရှင်မှတ်တမ်းတင်တယ်ဆိုတာကတော့ ဗွီစီဒီ၊ ဒီဗွီဒီ မှတ်တမ်းများရိုက်ကူးထားခြင်းကိုဆိုလိုပါတယ်။ ကိုယ်က ဘယ်လိုနေနေတယ်၊ ဘယ်နေရာမှာ လိုအပ်သွားတယ်၊ ဘယ်သူတွေကိုတော့ လေးလေးစားစားတောင်းပန်သင့်တယ်၊ ကိုယ့်ရဲ့ အမှားအမှန်ကိုလည်း ပြန်လည်ကြည့်ရှုနိုင်သလို ကိုယ့်ရဲ့ချစ်သူနဲ့ ထိမ်းမြားနေတာကိုလည်း အစအဆုံးပြန် ရင်ခုန်နိုင်ပါတယ်။
ဘယ်အသက်အရွယ်ရောက်ရောက် အမြဲပြန်လည်ရင်ခုန်မှုတွေပေးနေမယ့် မှတ်တမ်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ မင်္ဂလာမဆောင်ခင်မှာပဲ ဆောင်ရန်၊ရှောင်ရန် စသည်တို့ကို ကြိုတင်သိနိုင်ဖို့ သူများမင်္ဂလာမှတ်တမ်းလေးတွေကိုလည်း ကြိုတင်လေ့လာထားဖို့လိုပါတယ်။ ဒါဆိုရင်တော့ ဘယ်လို လိုအပ်ချက်မျိုးမှ မရှိတဲ့ပြီးပြည်စုံတဲ့ မင်္ဂလာပွဲလေးတစ်ခု အထမြောက်လာမှာပါ။ ဒီတော့ ဆောင်းပါးလေးဖတ်ပြီး သေချာစဉ်းစားကြည့်ကြစို့။ မင်္ဂလာမှတ်တမ်းတင်ခြင်းနဲ့ ပတ်သက်တဲ့ ဓါတ်ပုံတိုက်တွေ ရိုက်ကူးရေးတွေ ဈေးနှုန်းတွေကိုတော့ Wedding Guide ထဲမှာ ဆက်လေ့လာကြည့်လိုက်ပါဦး။