အိမ်ထောင်ကျပြီးကာစ အမျိုးသမီးငယ်တစ်ဦးက သူငယ်ချင်းများထံ ရင်ဖွင့်သည်။
“ငါ့ယောက်ျားက လူတော်၊ လူအေးပါဟာ။ အသောက်အစားလဲ ဘာမှမရှိဘူး။ ငါ့ကိုလဲ ချစ်ရှာပါတယ်။ ဒါပေမယ့် သူ့အမေကို အရမ်းချစ်တာ ပြဿနာလို့ ပြောရမှာပဲ။ သူ့အမေကို ချစ်တာကို ငါနားလည်ပါတယ်။ ဒါပေမယ့် နေရာတကာ မေမေဆိုရင် ဒီလိုမလုပ်ဘူး။ မေမေက ဒီမုန့် သိပ်ကြိုက်တာ။ မေမေရှိရင် ကောင်းမှာပဲ ဆိုတာတွေ ဆက်တိုက်ပြောနေတော့ ဘယ်လိုလုပ်မလဲ။ ငါက သူ့အတွက် ဘာမှအရေးမပါသလိုမျိုး ခံစားလာရတယ်”
သူငယ်ချင်းများက ၀ိုင်းအကြံပေးကြသည်။ နောက်ဆုံးတွင် အမျိုးသမီးအနေနှင့် ခင်ပွန်းသည်၏စိတ်တွင် ၄င်း၏မိခင်ထက် ပိုလွှမ်းမိုးနိုင်ရန် စွဲဆောင်နိုင်ရန် တိုက်တွန်းကြသည်။ အမျိုးသမီးလည်း အိမ်ပြန်ရောက်သောအခါ အနက်ရောင် လည်ဟိုက်အင်္ကျီ၊ အနက်ရောင် စကက်အတိုတို့နှင့် အိပ်ယာပေါ်တွင် လှဲလျောင်းရင်း ခင်ပွန်းသည်ပြန်အလာကို စောင့်နေသည် (အနက်ရောင်သည် ဆန့်ကျင်ဘက်လိင်အား ပိုမိုစွဲဆောင်နိုင်သည်ဟု သုတေသီများကဆိုသည်) ခင်ပွန်းဖြစ်သူ ပြန်လာသောအခါတွင် ခရာတာတာ လှမ်းကြည့်နေသည်။ ခင်ပွန်းသည်က ဇနီးအား တွေ့လိုက်သောအခါ စိုးရိမ်တကြီး လှမ်းမေးလေတော့သည်။
“ဟေ့ … မင်းတစ်ကိုယ်လုံး အနက်ရောင်တွေပါလား။ ပြောစမ်း။ မေမေ ဘာဖြစ်လို့လဲ”