သူတို့တွေမြူးမယ့် ဒီသင်္ကြန်ပွဲ
Posted on Apr 03 09 - 12:00 AM | Hits : 943
တန်ခူးလေမှာတူးပို့သံတွေတင်မက ကာရံညီ ဟစ်ပ်ဟော့ပ်တေးဂီတသံ၊ ရောလို့မွှေထားတဲ့ ဒီဂျေတီးလုံးသံတွေကလည်း နေရာအနှံ့ ပျံ့လွင့်နေကြပြီမို့ လူတိုင်းကိုယ်စီရဲ့ သင်္ကြန်ပိုးလေးတွေလည်း နိုးထနေကြပြီထင်ပါရဲ့။ နှစ်စဉ်နှစ်တိုင်း ပရိသတ်တွေချစ်တဲ့အနုပညာရှင်၊ အဆိုတော်တွေ ဘယ်မဏ္ဍပ်မှာရှိမယ်။ ဘယ်မြို့တွေမှာရှိနေမယ်ဆိုတာ ပြောပြသတင်းပေးနေကျဖြစ်လို့ ဒီနှစ်လည်း အစဉ်အလာမပျက်အောင် လက်လှမ်းမီသမျှ မေးထားတာကို ပြန်ပြီးဖောက်သည်ချလိုက်ပါတယ်နော်။
ပထမဆုံး ပရိသတ်တွေရဲ့ ရော့ခ်သူရဲကောင်းကြီးလေးဖြူက သီချင်းတွေနဲ့အတူ ပရိသတ်ရှေ့ တစ်ဖန်ပြန်ရောက်နေပြီဖြစ်လို့ ဒီသင်္ကြန်ကို သူဘယ်လိုနွှဲမယ်ဆိုတာ သိချင်နေကြမယ်ထင်တယ်နော်။ ကိုလေးဖြူက သူ့ရဲ့လက်တွဲဖော် အိုင်စီအဖွဲ့သားတွေနဲ့ တောင်ကြီးမြို့သင်္ကြန်မှာရှိမှာပါ။ အိုင်စီလို့ဆိုလိုက်တာနဲ့ ခွဲခြားလို့မရတဲ့ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ အငဲတို့ကလည်း သီချင်းတွေနဲ့ သင်္ကြန်လည်သူတွေကို မြူးစေမှာပါတဲ့။ နောက်ပြီး ပြည်ပမှာ အခြေချနေထိုင်နေတဲ့ တင်ဇာမော်ကလည်း အိုင်စီနဲ့ သင်္ကြန်နွှဲဖို့ အရောက်ပြန်လာဦးမှာ ပါ။ မနှစ်ကလည်း ပြန်လာတယ် လေ။ လေးဖြူနဲ့ အိုင်စီရဲ့အခိုင်အ မာပရိသတ်တွေဖြစ်တဲ့ တောင်ကြီး သားတွေရဲ့ ၂၀၀၉ သင်္ကြန်ကတော့ လန်းပြီပေါ့။
ရန်ကုန်မှာ အိုင်စီမရှိတော့ မှာမို့ ဟာတာတာဖြစ်သွားမှာကို လည်း စိတ်မပူနဲ့ဦးနော်။ မနှစ်က မန္တလေးရဲ့ကျုံးနံဘေးမှာ မဏ္ဍပ်အ ကြီးကြီးနဲ့နွှဲခဲ့တွဲှ့-ံသာန က ဒီနှစ် မှာရန်ကုန်အင်းယားကန်ဘေး(ကမ္ဘာ အေးလမ်း)မှာမဏ္ဍပ်အကြီးကြီး ဆောက်၊အဆိုတော်အင်အားကောင်း ကောင်းနဲ့ ရန်ကုန်သင်္ကြန်ကို အား ဖြည့်ဖို့စီစဉ်ထားပါတယ်တဲ့။ မနှစ် က အိုင်စီနဲ့ရန်ကုန်သားတွေကဲခဲ့ တဲ့နေရာပေါ့။ဒီနှစ်သင်္ကြန်မှာ ဘယ် သူတွေရှိမလဲဆိုတာပြောပြတော့ မယ်နော်။မာရဇ္ဇ၊ လုလု၊ သျှီ၊ ရွှေ ထိုက်၊ ဇမ်နူး၊ ကော်ဘရာ၊ ကြိုးကြာ၊ ပူစူး၊ ချစ်ကောင်း၊ ဖိုးကာ၊ သီရိ စတဲ့အဆိုကောင်းတဲ့အဆိုတော် တွေရှိနေကြမှာပါ။ မန္တလေးသင်္ကြန် မှာ နှစ်တိုင်းလိုလို ရှိနေတတ်တဲ့ ဖြိုးကြီးကတော့ ဒီနှစ်ွှ-ံသာန နဲ့အတူ ရန်ကုန်သားတွေကို ဖျော် ဖြေမှာပါတဲ့။ တီးဝိုင်းကလည်ွးှ့နွှမနန ဆိုတော့ မိုက်သွားပြီ ပေါ့။ ဒီနှစ်သင်္ကြန်မှာ အဆိုတော် တော်တော်များများက မန္တလေးရဲ့ နှစ် ၁၅၀ ပြည့်သင်္ကြန်ကို ရုပ်လုံးပို ကြစေဖို့ မန္တလေးကိုသွားကြမယ့် သူတွေ များတယ်လို့သိရတယ်။ မန်းတုန်အောင် လမ်းဆုံကတော့ မဟုတ်ဘဲ ကျုံးပတ်လည်မှာ ကဲကြ မယ့်သူတွေက ဘယ်သူတွေလဲဆို တော့..
မန္တလေးရဲ့ သင်္ကြန်မင်းသား ကြီးဇော်ဝမ်းက မြို့မငြိမ်းရဲ့ သင်္ကြန် သီချင်းတွေနဲ့ မန်းသင်္ကြန်ကို မြိုင် မြိုင်ဆိုင်ဆိုင်ဖြစ်အောင် မြို့တော် ၀န်မဏ္ဍပ်ကနေ ဖျော်ဖြေနေမှာပါ။
ပရိသတ်ကို လက်ခုပ်အမြဲ တီးခိုင်းတတ်တျဲွ့ဇာနည်၊ အဲဗရီ လာဗင်းပေါက်စလို့တင်စားကြတဲ့ ချစ်သုဝေ၊ ရော့ခ်ကဝေမလို့ချစ်စနိုး ခေါ်ကြတဲ့ ဖြူဖြူကျော်သိန်းတို့နဲ့ အတူ ဂျင်းနီ၊ စန္ဒီမြင့်လွင်၊ မယ်လို ဒီ၊ ရာဇာနေ၀င်း၊ ပုလဲဝင်း၊ ကိုင်ဇာ၊ သန်းမြတ်စိုး၊ ဝေလျှံ၊ စတဲ့ အနု ပညာရှင်တွေက မန္တလေးမြို့တော် ၀န်မဏ္ဍပ်မှာရှိနေမှာပါတဲ့။ မနှစ်က ရဲလေးမဏ္ဍပ်ဆိုပြီး တက္ကသိုလ်ရိပ် သာလမ်းမှာ နာမည်ကြီးခဲ့ပေမယ့် ဒီနှစ် မဏ္ဍပ် မဆောက်တော့ဘဲ မန္တလေးမြို့တော်ဝန်မဏ္ဍပ်ကို ဒိုး မယ့်သူကရဲလေးပါ။ မက်တဲလ်ဇုန် တေးဂီတက မြို့တော်ဝန်မဏ္ဍပ် မှာ အဆိုတော်အင်အားကောင်း ကောင်းနဲ့ဖျော်ဖြေမှာမို့ အဲဒီနေရာ မှာ ပရိသတ်တွေ တိုးမပေါက်မှာ မြင်ယောင်ပါသေးတယ်။လေဇီး ကလပ် ၀ိုင်းတော်သားတွေနဲ့ သူတို့ရဲ့အဆိုတော်တွေက မန္တလေး ရတနာပုံဈေးရှေ့မှာ ရှိနေမှာတော့ သေချာပြီး ဘယ်သူတွေနဲ့ဖျော်ဖြေ မယ်ဆိုတာကတော့ ညှိနှိုင်းဆဲပါ တဲ့။ ရန်ကုန်ရဲ့ သင်္ကြန်မင်းသား လို့တောင်ဆိုနိုင်တဲ့ စိုင်းစိုင်းခမ်း လှိုင်ကတော့ ဧပြီ ၁၀ ရက်မှာ သူ့ ရဲ့မွေးနေ့ဖျော်ဖြေပွဲကို မျှော်စင် ကျွန်းမှာကျင်းပဖို့ စီစဉ်နေတဲ့အပြင် အစဉ်အလာမပျက် မဏ္ဍပ်ထိုးပြီး သူငယ်ချင်းတွေနဲ့ အပီကဲဖို့လည်း ပြင်ဆင်နေပါပြီတဲ့။ ဒီနှစ်တော့ စိုင်းစိုင်းမဏ္ဍပ်က ကမ္ဘာအေးဘုရား လမ်းပေါ်က အင်းယားကန်နံဘေး မှာဖြစ်လောက်တယ်လို့ စိုင်းစိုင်းက အသိပေးခဲ့ပါသေးတယ်။
““အသားနည်းနည်းမဲတယ်။ မိန်းမတော့ရှိတယ်။ ဒါပေမဲ့... ကဲလို့ရပါသေးတယ်”” မာစတာ သင်္ကြန်ထဲမှာ ဟဲထားတဲ့ ဟဲလေး ကတော့ မုံရွာသင်္ကြန်နဲ့အတူရှိနေ မှာပါ။သူနဲ့အတူ ၀င်းယူနတီမဏ္ဍပ် မှာ ဆုန်သင်းပါရ်နဲီ့ယံတို့လည်း ရှိနေမယ်တဲ့။
မုံရွာမှာ အခြားမဏ္ဍပ်အကြီး ကြီးတစ်ခုလည်း မြစန္ဒာရုပ်ရှင်ရုံ ရှေ့မှာ ရှိနေမှာပါ။ မုံရွာသားမိုးမိုး နဲ့အတူ သြအဖွဲ့၊ ဘလူးဘယ်ရီ အဖွဲ့နဲ့ အခြားနာမည်ကြီးအနုပ ညာရှင်တွေက ဖျော်ဖြေရင်း မုံရွာ သင်္ကြန်ကို လန်းစေမှာပေါ့။ အခြား အနုပညာရှင်တွေက ခေါ်ယူဖို့ ညှိ နှိုင်းနေဆဲလို့သိရပါတယ်။ မုံရွာ သားတွေ ဒီနှစ်အပီကဲဖို့သာ ပြင် ထားကြပေတော့။
မင်းသမီးဆုပန်ထွာကတော့ ဒီနှစ်မှာ သင်္ကြန်သီချင်းလေးပုဒ် ထွက်ရှိထားလို့ လားရှိုးက ပရိသတ် တွေကို အားရပါးရဆိုပြဖို့ အားခဲ ထားပါသတဲ့။ သူနဲ့အတူ မခိုင်လေး (ခိုင်သင်းကြည်)၊ နန်းဆုရတီစိုးတို့ လားရှိုးမှာရှိနေမယ်လို့ သတင်းပေး သွားပါတယ်။
သင်္ကြန်ရောက်တိုင်း မန္တလေး သို့မဟုတ်ရန်ကုန်မှာ ပရိသတ်နဲ့ တစ်သားတည်းကျခဲ့တဲ့ အယ်လ် ပိုင်းမဏ္ဍပ်ကတော့ ဒီနှစ်ဘယ်မှာမှ မဏ္ဍပ်ဆောက်ဖြစ်တော့မှာမဟုတ် ဘူးလို့သိရပါတယ်။ ငါးနှစ်ဆက် တိုက်ကဲလာတော့ ဒီနှစ်တော့ နား မယ်တဲ့။
ဒီသင်္ကြန်မှာ အပီကဲဖို့ကြံရွယ် နေတဲ့သူတွေရှိသလို တရားစခန်း ရိပ်သာမှာ သင်္ကြန်အတွင်းခိုနားဖို့ စီစဉ်နေတဲ့သူတွေလည်းရှိပါတယ်။ ကုသိုလ်ရေးအတွက် တရားဓမ္မနဲ့ မွေ့လျော်ပြီး သင်္ကြန်ကုန်ဆုံးမယ့် သူတွေက နေတိုး၊ ဟိန်းဝေယံ၊ သင်ဇာဝင့်ကျော်တို့ပါ။
ဘယ်သူတွေ ဘယ်မှာရှိမယ် လို့သိရပြီဆိုတော့ ဒီနှစ်သင်္ကြန်မှာ အပီကဲနိုင်၊ လန်းနိုင်ကြရင်း စိတ် ချမ်းမြေ့ပျော်ရွှင်စွာနဲ့ နှစ်သစ်ကို ဖြတ်သန်းနိုင်ပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်နော်။