အော်ရီဂန်က မျိုးဆက်သစ်တို့ သင်္ကြန်
Posted on Apr 15 09 - 12:00 AM | Hits : 895
အမေရိကန်နိုင်ငံ၊ အော်ရီဂန်ပြည်နယ်၊ ပို့တ်လန်းမြို့ တွင် မြန်မာ့ရိုးရာ နှစ်ကူး အတာ သင်္ကြန်နှင့် သက်ကြီး ပူဇော်ပွဲ ကျင်းပရာ အော်ရီဂန် ပြည်နယ်ရောက် မြန်မာ နိုင်ငံသားများ နှင့် မိတ်ဆွေ အမေရိကန်များ ဧည့်ပရိသတ် ၂၀၀ ကျော် တက်ရောက် အားပေး ချီးမြှင့်ကြသည်။
ဧပြီလ (၁၁)ရက် စနေနေ့တွင် အခမ်းအနား ကျင်းပရာ ဟိုးလ်ဂိတ် ရိပ်သာ လမ်းမကြီးရှိ ဒီအေ ဂရောက် အခြေခံ ပညာ မူလတန်း ကျောင်း၌ နေ့လည် မွန်းလွဲ ၁နာရီ တွင် စတင် ကျင်းပရာ အခမ်းအနား စတင်လျှင် စတင်ခြင်း မြန်မာ - အမေရိကန် အသိုင်းအဝိုင်း ရှိ သက်ကြီး ရွယ်အိုများ အား လှူဖွယ် ပစ္စည်း အစုစုတို့ဖြင့် ပြည်နယ်သူ၊ ပြည်နယ် သားများ မှ ပူဇော်ကန်တော့ကြသည်။
ဆက်လက်ပြီး အခမ်းအနား အား ဂျိုးဖြူ ငှက်ကလေးများ တေးဂီတ၊ မြန်မာ့ရိုးရာ ဒိုးပတ်၊ သံချပ်၊ သင်္ကြန်အက အလှ တို့ဖြင့် ဖျော်ဖြေကာ ညနေ ၃နာရီတွင် ဖျော်ဖြေရေးအစီစဉ် ခေတ္တရပ်နား၍ အတာသင်္ကြန်ပွဲ တက်ရောက် ဆင်နွဲလာသူများ အား မြန်မာ့ ရိုးရာ စားသောက်ဖွယ်ရာ ထမင်းဟင်း၊ မုန့်ဟင်းခါး၊ အချိုပွဲ၊ ဖျော်ရည်စုံများ ဖြင့် ဧည့်ခံပြီး တေးဂီတ သင်္ကြန် အက တို့ဖြင့် ပြန်လည်ဧည့်ခံကာ ညနေ ၆ နာရီအထိ စည်ကား သိုက်မြှိက်စွာ ကျင်းပ ကြသည်ဟု သိရှိရသည်။
နောက်အပါတ် တွင် အော်ရီဂန် ဗုဒ္ဒဘာသာ မြန်မာ အသင်း မှ ဦးဆောင်ကာ ရတ်ဆယ်လ် လမ်းမကြီး ရှိ သိရိမင်္ဂလာ မြန်မာ ဘုန်းတော်ကြီးကျောင်း တွင် သင်္ကြန် ဈေးရောင်းပွဲတော် ကျင်းပ ဦးမည်ဟု သိရှိ ရသည်။